36 C
Yangon

တန့်ဆည်မြို့နယ်၊ တဆယ်ကျဲ ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသော စစ်တပ် စစ်ကြောင်းကို PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

တန့်ဆည်မြို့နယ်၊ တဆယ်ကျဲ ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသော စစ်တပ် စစ်ကြောင်းကို PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တဆယ်ကျဲကျေးရွာမှ လူနေအိမ် ၁၃ လုံးကို စစ်တပ်မှ ယနေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တန့် ဆည်သတင်းရင်းမြစ်များက ပြောသည်။

ဧပြီး ၁၈ ရက်တွင် တန့်ဆည်မြို့ပေါ်မှ ထွက်ခွာလာသော ခမရ ၃၆၈ လက် အောက်ခံ စစ်ကြောင်းက အောင်ချမ်းသာ၊ ဂွေးကုန်း၊ ဆင်ငယ်ရွာ၊ အကုက္ကား ရွာ၊ နဘက်ကြီးရွာ၊ နဘက်ငယ်ရွာမှ တဆယ်ကျဲသို့ ဝင်ရောက် စီးနင်းခဲ့ပြီး တဆယ်ကျဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ် က ကြက်၊ ဝက် များ သတ်ဖြတ်စားသောက်ကာ ဧပြီလ ၂၀ ရက်နေ့ နံနက် ပိုင်းတွင် ကျေးရွာလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရွာရှည် (မ) ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲ ထားခဲ့ကြောင်း သိရှိရသည်။

စစ် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် ကျေးရွာ များကို စီးနင်းဝင်ရောက်ဝင်မှုကြောင့် စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိန်းရှောင်နေရကြောင်း ၊ ယနေ့ အထိ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၈၀ ကျော် မှ နေအိမ် ၄၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ရွာရှည်(မ) ရွာအနီးသို့ ရောက်ရှိ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးပူး ပေါင်း တပ်က ၈၁မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုများပြားနိုင်ကြောင်း HPS ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံမှ သိရသည်။

တန့်ဆည်မြိုနယ် ရွာရှည်(မ)ရွာအနီးသို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် ခမရ၃၆၈နှင့် ပျူစောထီး အင်အား၁၅၀ခန့်ကို ဧပြီလ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၈၁မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာသဖြင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ရွာရှည်(မ)ရွာသို ဝင်ရောက်စီးနင်းနေသော စစ်ကောင်စီတပ်ကို ယနေ့ညနေ ၄နာရီတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၈၁ မမ လက် နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက် နက် ငယ်များဖြင့် တစ်နာရီကျော်ကြာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း HPS ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ ကိုငြိမ်းက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို ပြောဆိုသည်။

“စကစစစ်ကြောင်းကို ကျနော်တို့ မနက်က လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့ အခါမှာလည်း သူတို့ဘက်က ထိခိုက်မှုရှိတယ်၊ မနေ့ ညနေ ၄နာရီမှာ ကျနော် တို့ထပ်ပစ်တော့လည်း အထိနာပြီး လက်နက်ငယ်တွေနဲ့ အကြာကြီး ပြန်ပစ်နေတာ၊ အခုထိ ကြားနေရတယ်။ သူတို့ ဘက်က ထိခိုက်ကျဆုံး‌မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် အမှတ်(၈)တပ်ရင်း၊ အမှတ်(၁၀)တပ်ရင်းနှင့် HPS ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article