29 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော် ရောက်ရှိ

Must read

အကြမ်းဖက် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော် ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၂၃

အကြမ်းဖက် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်းသည် နေပြည်တော်သို့ ယနေ့ ညနေပိုင်းတွင် ဆိုက်ရောက်လာကြောင်း သိရှိရသည်။

The elder အဖွဲ့၏ ဒုတိယ ဥက္ကဌလည်းဖြစ်၊ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူး ချုပ်ဟောင်းလည်းဖြစ်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ဖြစ်သူ ဘန်ကီမွန်းနှင့် အဖွဲ့ဝင် ၅ ဦးသည် စစ်ကောင်စီ၏ ဖိတ်ကြား ချက် အရ အထူးစင်းလုံးငှားလေယာဥ်ဖြင့် နေပြည်တော်သို့ ယနေ့ ညနေပိုင်း တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် မြန်မာ နိုင်ငံ တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နှင့် ငြိမ်းချမ်း ရေးဆိုင်ရာ အခမ်းအနားများတွင် သက်သေအဖြစ် ပါဝင် တက်ရောက်ခဲ့ သူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article