36 C
Yangon

စစ်ကိုင်း၊ အင်းစရွာကို မီးရှို့ခဲ့သည့် စစ်တပ်က ရွာများကို လှည့်လည်၍ မီးရှို့ နေပြီး လက်ရှိတွင် ကျေးရွာပေါင်း ၄ ရွာ မီးရှို့ဖျက်ဆီးခံထားရ

Must read

စစ်ကိုင်း၊ အင်းစရွာကို မီးရှို့ခဲ့သည့် စစ်တပ်က ရွာများကို လှည့်လည်၍ မီးရှို့ နေပြီး လက်ရှိတွင် ကျေးရွာပေါင်း ၄ ရွာ မီးရှို့ဖျက်ဆီးခံထားရ

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစရွာကို မီးရှို့ခဲ့သည့် စစ်တပ်က ရွာများစွာ လှည့်လည်၍ မီးရှို့နေရာ လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၄ ရွာ မီးရှို့ဖျက်ဆီး ခံထားရကြောင်း လင်းယုန်နက် SSG တပ်ဖွဲ့မှ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အင်းစရွာရှိ နေအိမ်ခြေ ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယနေ့ ဧပြီလ ၂၃ ရက်နေ့အထိ ရွာများကို လှည့်ပတ်မီးရှို့နေကြောင်း၊ လက်ရှိအချိန်တွင် တောင်ကြားရွာ၊ မူးသာရွာ၊ တောင်မြို့ရွာနှင့် ရွာသစ်ရွာတို့ကို ဆက်တိုက် မီးရှို့သွား ကြောင်း သိရသည်

“ကြွယ်ပုံရွာက ပျူစောထီးတွေထပ်ပေါင်းပြီးမီးရှို့နေတာ၊ တစ်ရွာပြီး တစ်ရွာ လှည့်မီးရှို့နေတယ်၊ ကွယ်ပုံ ရွာနဲ့နီးတဲ့ ရွာသစ်ရွာ၊ မူးသာရွာဆိုရင် အရင်က တည်း က ထွက်ပြေးနေကြရတာ၊ ကြွယ်ပုံရွာက ပျူတွေနဲ့ စစ်ခွေးတွေက မကြခဏလာပစ်ဖမ်းနေလို့၊ အခုကအိမ်တွေပါဝင်ပြီး မီးရှို့နေတာ၊ ဘယ် လောက် လောင် လို့ ဘယ်လောက်ပျက်စီးတယ်ဆိုတာ ဝင်စစ်ဆေးလို့ မရ သေးဘူး၊ ပျူရွာနဲ့ကလည်း နီးနေတော့” ဟု လင်းယုန်နက် SSG တပ်ဖွဲ့မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ရွာစဉ်လှည့်ပတ်မီးရှို့နေသော အကြမ်းဖက်စစ်သားများသည် ကြွယ်ပုံရွာ ပျူစောထီးများနှင့်ပေါင်းထား သဖြင့် အင်အား ၂၀၀ ခန့်ရှိကြောင်း၊ ယနေ့ ညနေပိုင်းတွင် ဒီးပဲယင်းကွဲကျေးရွာသို့ ရောက်ရှိနေပြီး တလိုင်း ကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊‌ တောင်ကြား ၊မူးသာ၊ မန်ကျည်းကုန်းရွာ၊ဒီပဲယင်း ကွဲစသည့် ကျေးရွာများ မှ ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ ကြောင်း သိရှိရသည်။

Photo – ဧပြီလ ၂၁ ရက်နေ့ အင်းစရွာနှင့် တောင်ကြားရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article