28 C
Yangon

ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်တပ်များက ရွာများမီးတင်ရှို့နေ

Must read

ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်တပ်များက ရွာများမီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ မရသိမ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ တောမကျေးရွာများအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး မြေပြင် ကြည်းတပ်များကလည်း ကျေးရွာများကို မီးတင်ရှို့ နေကြောင်း ဒေသပြည်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ထီးချိုင့်မြို့ နယ် တောမရွာကို မွန်းလွဲ ၁နာရီ ၄၅ မိနစ်အချိန်တွင် စစ်တပ်က မီးရှို့ လျက်ရှိကြောင်း၊ ဧပြီလ၂၃ရက်နေ့ကလည်း ဝဲကြီးရွာကိုလည်းမီးရှို့ခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်က ဂျက်ဖိုက်တာက ပထမအကြိမ်လာရောက် ပစ်ခတ် တာလုပ်ဆောင်ခဲ့ပြီး နောက်လေးကြိမ်ကိုတော့ တရုတ်နိုင်ငံထုတ် အပြာနု ရောင် ပါတိုက်လေယာဉ်က ပစ်ခတ်တယ်။ မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့ သူတို့ရဲ့အရိုးကိုက်စစ်ခွေးတွေကျလို့ လာပစ်တာဖြစ်နိုင်တယ်။ တိုက်ပွဲက မြေပြင် မှာ PDF နဲ့၃ရက်ရှိပြီတိုက်ပွဲဖြစ်နေတာ။အဲဒီလိုဖြစ်ပြီး သူတို့ဘက်က အကျဆုံးများလို့ လေကြောင်းကနေ လာပစ်တာ” ဟု မရသိမ်ရွာသား တစ်ဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် ကျေးရွာများ၏ ပတ်ဝန်းကျင်ကို ပစ်ခတ်ခြင်းဖြစ်ပြီး မြေပြင် လတ်တလောအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း၊ အထိအခိုက်အကျအဆုံး မသိရသေးကြောင်း သိရှီရသည်။

“မြေပြင်တိုက်ပွဲဖြစ်နေတာ ၃ရက်ရှိနေပြီဖြစ်ပြီးတော့ ကိုယ့်ဘက်က ၄ ဦး မစိုးရိမ်ရဒဏ်ရာရထားတယ်။ စခတွေဘက်‌ကတော့ အထိအခိုက်အကျအဆုံး ၃၀ အထက်မှာရှိမယ်။ သူတို့အခုလိုလေကြောင်းတိုက်ခိုက်တာဟာ စခတွေ ဘက်က အကျဆုံးများလို့ လာတိုက်တာ” ဟု ထီးချိုင့်PDFအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ထီးချိုင့်မြိုနယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် PDFတပ်များ အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကျေးရွာ ၅ ခုမှ ပြည်သူထောင်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

” စစ်ခွေး တိုက်လေယာဥ်ကတော့ မနက်ပိုင်း ၉ နာရီ ၄၅ မိနစ်ကနေပြီးတော့ မိနစ်ပိုင်းလောက်ပဲခြားမယ် တောမရွာအနီးကို ၅ ကြိမ် ဗုံးကျဲသွားတယ်။ မြေပြင် ကလည်း စစ်ခွေး စစ်ကြောင်းက ရွာကိုစီးနင်းပြီး မီးရှို့နေပြီး ပြည်သူတွေ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article