29 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄၀၀ ကျော်ပြာကျ

Must read

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့မှု နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီ ၂၀ မှ ဧပြီ ၂၄ ရက် အထိ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းစရွာ၊ မူးသာရွာ၊ တောင်မြို့ရွာ၊ စံသစ်ရွာ၊ ‌ရွာထောင်ရွာ ၊ ဒီပဲယင်းကွဲရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့နေအိမ် ၄၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကြွယ်ပုံပျူစောထီးရွာနှင့် နီးသည့် ရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဆက်လက် မီးရှို့ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် အင်းစရွာမှ နေအိမ် ၂၆၇ အိမ်၊ မူးသာရွာတွင် ၄၉ အိမ်၊ တောင်မြို့ရွာတွင် ၁၆ အိမ်၊ စံသစ်ရွာတွင် ၃၇ အိမ်၊ ရွာထောင်ရွာတွင် ၅ အိမ်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီပဲယင်းကွဲရွာရှိ မီးလောင်ခံရသည့်စာရင်းကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျူစောထီးရွာဖြစ်သည့် ကြွယ်ပုံရွာကို သင်္ကြန်တွင်းကာလ တော်လှန်ရေးအဖွဲ့များမှ ဒရုန်းမစ်ရှင်ပြုလုပ်ခဲ့ပြီး အထိနာပြီးသည့်နောက်တွင် ကြွယ်ပုံရွာအနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

” ဒီပဲယင်းကွဲ ရွာရှို့ပြီး ထွက်နေပါတယ်။ ပေါက္ကား၊ကင်း၊ညောင်ပင်သာ ဆက်ရှို့မယ်ထင်တယ်။ ကြွယ်ပုံပျူရွာနဲ့ နီးတဲ့ရွာ အကုန်ရှို့တာ။ သက်ြန်တွင်းက ကြွယ်ပုံရွာကို ဒရုန်းမစ်ရှင်လုပ်လိုက်တာ အသေအပျောက်အထိခိုက်များလို့ ကြွယ်ပုံအတွက် သွေးကြွေးဆိုပြီး အရှို့မခံရသေးတဲ့ရွာတွေ အကုန်ရှို့၊အရင်ရှို့ထားတဲ့ရွာတွေလည်း ထပ်ရှို့” ဟု ဒေသခံတစ်ဦးက ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် လက်ရှိအချိန်တွင် ညောင်ပင်ဝန်းရဲစခန်းဘက် ဦးတည်သွားနေကြောင်း ဒေသခံများထံမှ သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article