35 C
Yangon

မင်္ဂလာဒုံစက်မှုဇုန်တွင် လုံခြုံရေးအတွက် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းအားလုံး ကိုယ်ရေးရာဇဝင် အချက်အလက်များကို စစ်တပ်ထံပေးပို့ရန် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦးက အမိန့်ထုတ်

Must read

မင်္ဂလာဒုံစက်မှုဇုန်တွင် လုံခြုံရေးအတွက် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းအားလုံး ကိုယ်ရေးရာဇဝင် အချက်အလက်များကို စစ်တပ်ထံပေးပို့ရန် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦးက အမိန့်ထုတ်

■ စက်ရုံအလုပ်ရုံများ ညဘက် လုံခြုံရေးအတွက် မီးပြတ်လျှင် ဆိုလာစနစ်ဖြင့် မီးထွန်းရမည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းအားလုံး ကိုယ်ရေးရာဇဝတ်များ စစ်တပ်ထံပေးပို့ရန် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦးက အမိန့်ပေးလာသဖြင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများက လိုက်ပါ ဆောင်ရွက်နေရကြောင်း လုပ်ငန်းရှင်တချို့က ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာ) တွင် လုံခြုံရေးဆိုင်ရာ အစည်းအဝေး တစ်ခုကျင်းပပြီး မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦးက စက်မှုဇုန်ရှိ ဝန်ထမ်းအားလုံး၏ ကိုယ်ရေးအကျဉ်းနှင့် နောက်ကြောင်းရာဇဝင်များကို စစ်တပ်ထံ ဧပြီလ ၂၉ ရက်နေ့် နောက်ဆုံးထား ပေးပို့ရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇေကမ္ဘာ စက်မှုဇုန်မှာရှိတဲ့ ကုမ္ပဏီတွေ စက်ရုံတွေကို ဝန်ထမ်း‌တွေကို ကိုယ်ရေးရာဇဝတ် တွေကို အတင်းအကျပ်ဖြည့်ခိုင်းတယ်။ ဖောင်ထဲမှာ ညီအကိုမောင်နှမ မိသားစုက အသေးစိတ် တွေဖြည့်ခိုင်းတာ။ အခု ဇေကမ္ဘာဝန်းထဲက ကုမ္ပဏီနဲ့ စက်ရုံတွေက ဝန်ထမ်းတွေ အကုန်လုံး ကိုယ်ရေးရာဇဝင်တွေ မဖြစ်မနေ ပေးနေရတယ်။ အခုကျနော်တို့ ဝန်ထမ်းတွေ ကိုယ်ရေးအချက်လက် လိမ်တင်တော့၊ company ကို စဝင်တုန်းက ပေးထားတဲ့ ကိုယ်ရေးအချက်လက်နဲ့ တိုက်စစ်မယ်လို့ပြောတယ်။ တကယ့်ကို ပြည်သူ့ဘ၀တွေက စစ်တပ်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတယ်” ဟု မင်္ဂလာဒုံစက်မှုဇုန်မှ အလုပ်သမားတစ်ဦးက ပြောသည်။

မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာ)တွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦးက အချက် ၆ ချက် ပါ လုံခြုံရေး စီမံချက်ကို ထုတ်ပြန်ခဲ့ပြီး နံပါတ် ၁ အနေဖြင့် စက်မှုဇုန်အတွင်းရှိ အလုပ်သမား၊ ဝန်ထမ်း အပါအဝင် အဆင့်အတန်းအားလုံး ကိုယ်ရေးရာဇဝင် ရေးဖြည့်၍ စစ်တပ်ထံ ပို့ဆောင်ရန် ညွှန်ကြားခြင်းဖြစ်သည်။

ညဘက်စက်ရုံ အလုပ်ရုံများတွင် မီးမလင်းပါက ဆိုလာစနစ်ဖြင့် မီးထွန်းရန် ၊ စက်ရုံအလုပ်ရုံများတွင် ၂၄ နာရီမပြတ် CCTV ကင်မရာတပ်ရန် ၊ စက်ရုံအလုပ်ရုံများတွင် နေထိုင်သူများ ဧည့်စာရင်း မပျက်မကွက်တိုင်ကြားရန်၊ စက်ရုံ လုံခြုံရေးအဖွဲ့နှင့် ပြင်ဆက်စပ် လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ ကိုယ်ရေးရာဇဝင်များဖြည့်စွက် ၍ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နောက်ဆုံးထားပေးပို့ရန် အမိန့် ညွှန်ကြားချက် တင်ပြထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article