33 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်တပ်ပိုင် လက်နက်တွေကို ထုတ်ရောင်းမှုကြောင့်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူး‌ကြီး မောင်မောင်သွင် နဲ့ အပေါင်းအပါတွေကို စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးထားတယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောကြပါတယ်။

-ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲမှူးတစ်ဦးရဲ့ အမျိုးတော်စပ်သူ ကားသမားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြတဲ့ ၁၀၄ ရပ်ကွက် အုပ်ချုပ် ရေးမှူး နဲ့ အပေါင်းအပါ ၈ ဦးကို လူသတ်မှုနဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကနေ ပြန်လည် ဖမ်းဆီး အရေးယူ ထားတယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဧပြီလ ၂၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ စနိုက်ပါ နဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီး သေသွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article