36 C
Yangon

စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားဖြစ်လာသည့် ရုပ်ရှင်အစည်းအရုံးတွင် ဗုံးပေါက်ကွဲ

Must read

စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားဖြစ်လာသည့် ရုပ်ရှင်အစည်းအရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ မေ ၆

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားအစြဖ် ဆောင်ရွက်လာနေသည့် ရုပ်ရှင်အစည်းအရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုကြပြီး ယင်းဗုံးဖောက်ခွဲမှုကို မြို့ပြ ပျောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၇ မိနစ်အချိန် ဗဟန်းမြို့နယ်၊ငါးထပ်ကြီးအနောက်ရပ်ကွက်၊ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲတာကတော့ အပြင်းစားပေါက်တာ။ ရုပ်ရှင်အစည်းအရုံးထဲမှာ။ မြေကြီးတောင်တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီခန့် စစ်ကောင်စီ ဝါဒဖြန့်မှုအမျိုးမျိုးတွင် ပါဝင်ပက်သတ်နေသည့် ရုပ်ရှင်အစည်းအရုံးအား ‘ခွေးခေါင်းဓားစက် စစ်ဆင်ရေး’ အနေဖြင့် ‌ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း မြို့ပြပျောက်ကြားရဲဘော်များက သတင်းထုတ်ပြန်ထားပြီး အကြမ်းဖက် စစ်ကောင်စီက ဝါဒဖြန့်ရန် စီစဉ်ထားသည့် အတုအယောင် အကယ်ဒမီပွဲကိုလည်း ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြောင်း ထိုသတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article