33 C
Yangon

ပြည်မြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ပြည်မြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တဲကုန်းအုပ်စု၊ တဲကုန်းကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးသန်းနှင့် မယားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရသည်။

ယနေ့မေလ ၈ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်ကောင်စီအားကိုးဖြင့် ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော အုပ်ချုပ်ရေးမှူး စိုးသန်းနှင့် ဇနီးသည် မိဆွေတို့သည် ဈေးမှ ပြန်လာစဉ် ကြပ်ကုန်းကျေးရွာအနီးအရောက် ပစ်ခတ်ခံရကာ နေရာမှာပင်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

စိုးသန်းသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် ၎င်း၏ဇနီး မိဆွေမှာလည်း စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားကိုးဖြင့် ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့် ဖမ်းဆီး ခိုင်းခြင်းများ ကျူးလွန်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် အကြမ်းဖက် စစ်ကောင်စီ ၏ အကြီးစားဒေါက်တိုင်များဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူလူထုကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article