28 C
Yangon

ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံး

Must read

ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ကျေးရွာအတွင်းသို့ စစ်တပ်က တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၆ လုံး ပျက်စီး ခဲ့ကြောင်း Banmauk Revolution –BR တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့‌ မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန် စစ်တပ်က တိုက်ပွဲ ဖြစ် ခြင်း မရှိသော နောင်ကန်ကျေးရွာအတွင်းသို့ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အ သက် ၆၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၃၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီရွာမှာ တိုက်ပွဲမဖြစ်ဘူး၊ ကြောင်လည်နား တဝိုက်မှာဖြစ်နေတာပါ၊ တိုက်ပွဲ ဖြစ် တဲ့ရွာနဲ့ အခုဗုံး ကျဲခံရ တဲ့ရွာက သီးခြားစီပဲ၊ အကြောင်းမဲ့သက်သက် ကို ဗုံးလာကျဲသွားတာပါ၊ ရွာဆိုတော့ သိတဲ့အတိုင်းပဲ ည ၇ နာရီ ၈ နာရီဆိုရင် အိပ်ကြ ပြီ၊ အခုက ၉ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ၊ ဗုံးအမျိုး အစား နဲ့ အလုံးရေ တော့ မသိရသေးဘူး၊ သေတဲ့သူတွေအပြင် အသေးစား ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊” ဟု Banmauk Revolution –BR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

လတ်တလော ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ် မြို့နယ်အများစုတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများပြင်း ထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်တိုးမြှင့် အသုံးပြုလာကြောင်း PDF သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article