28 C
Yangon

မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား စစ်တပ်က မြေကော်စက်များဖြင့် ဖျက်ဆီးသွား

Must read

မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား စစ်တပ်က မြေကော်စက်များဖြင့် ဖျက်ဆီးသွား

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား အကြမ်းဖက် စစ်တပ်က မြေကော်စက်များဖြင့် ဖျက်ဆီးသွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ်ခန့်တွင် မုံရွာမြို့ တောင်ဘက် ညောင်ပင်ဇောက်ရပ်ကွက် တောင်ဘက်အထွက်ရှိ မုံရွာနှင့် ချောင်းဦး မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်သားများက အိမ်စီးကားဖြင့် ရောက်ရှိလာပြီး မြေကော်စက်များဖြင့် လာရောက် ဖျက်ဆီးသွားပြီး မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

” အခုဖျက်သွားတဲ့ လမ်းပိုင်းက မုံရွာမြို့ တောင်ဘက် ညောင်ပင်ဇောက် ရပ်ကွက်ရဲ့ တောင်ဘက် အထွက်မှာရှိတဲ့ မုံရွာနယ်နဲ့ ချောင်းဦးမြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းပါ။ လမ်းကတော့ မုံရွာကနေ အမြင့်မြို့ဟောင်းထိ ပေါက်ပါတယ်။ ဖျက်ဆီးသွားတဲ့ အကြောင်းအရင်းတော့ မသိရသေးဘူး” မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo crd – SSN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article