39 C
Yangon

ဘီးလင်းတွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဘီးလင်းတွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မေ ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရော်ဘာခြံများတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ပကဖဒရုန်းတပ်ဖွဲ့ထံမှ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန် ဘီးလင်းမြို့နယ်၊ ဘုရားကုန်းအနီး ရော်ဘာခြံ တွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို ၆၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်း ကောင်း၊ ညနေ ၅ နာရီ ၂၈ မိနစ်အချိန် ဒေါက်ရပ်ကျေး ရွာ အထက်တန်းကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များကို ၆၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်း ကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ ကြောင်း သိရှိရသည်။

” စစ်တပ်ရဲ့ ထိခိုက်မှု ကျဆုံးမှု အခြေအနေတော့ မသိရသေးပါဘူး။ တော်လှန်ရေး တပ်ဖွဲ့ တွေက ထိခိုက်မှု မရှိပါဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဝေဟင်တိုက်ခိုက်ရေးဒရုန်းတစ်စီး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article