33 C
Yangon

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang လာမည့် ရက်ပိုင်းအတွင်း မြန်မာ နိုင်ငံလာရောက်မည်၊ ပုဂံ-ညောင်ဦးတွင် Qin Gang အတွက် ဟိုတယ်တစ်လုံးကို လုံခြုံရေး အပြည့်ဖြင့် စီစဉ်ထား

Must read

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang လာမည့် ရက်ပိုင်းအတွင်း မြန်မာ နိုင်ငံလာရောက်မည်၊ ပုဂံ-ညောင်ဦးတွင် Qin Gang အတွက် ဟိုတယ်တစ်လုံးကို လုံခြုံရေး အပြည့်ဖြင့် စီစဉ်ထား

ရန်ကုန်၊ မေ ၁

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံလာရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်ရုံးထံမှ သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang ခရီးစဉ်အတွက် လုံခြုံရေးနှင့် ခရီးစဉ် ကြိုဆိုရေး အစီအစဉ်များကို စစ်ကောင်စီဘက်က အထူးဂရုပြု စီစဉ်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ရာထူးစတင် ယူပြီးချိန်မှစ၍ နိုင်ငံခြားရေးဝန်ကြီး အသစ် ဖြစ်လာသော Qin Gang ၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်း၏ ပထမဆုံးသော မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်မှ တစ်ဆင့် ပုဂံ-ညောင်ဦးသို့ လာရောက်ရန်ရှိနေပြီး Qin Gang အတွက် ဟိုတယ်တစ်လုံးကို လုံခြုံရေး အပြည့်ဖြင့် စီစဉ်ထားကြောင်း သိရှိရသည်။

တရုတ်အစိုးရသည် ပြည်သူကို အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိပြီး စစ်ကောင်စီကို နိုင်ငံတကာအလယ်တွင် အကာအကွယ်ပေးလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article