33 C
Yangon

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အခြေအနေများအပေါ် သန်းရွှေ၊ သိန်းစိန်တို့ကို မင်းအောင်လှိုင်က ပုံမှန် တင်ပြ ဆွေးနွေးနေ

Must read

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အခြေအနေများအပေါ် သန်းရွှေ၊ သိန်းစိန်တို့ကို မင်းအောင်လှိုင်က ပုံမှန် တင်ပြ ဆွေးနွေးနေ

■ သမ္မတဟောင်း သိန်းစိန်ကို နိုင်ငံတကာနှင့် တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်း အဖြစ် အသုံးပြုလာ

ရန်ကုန်၊ မေ ၁

အကြမ်းဖက်မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ဖြစ်ပေါ် လာ သော နိုင်ငံရေး အခြေအနေများအ ပေါ် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ သမ္မတဟောင်း သိန်းစိန်တို့နှင့် ပုံမှန် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်နေ ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း မင်းအောင်လှိုင်က သန်းရွှေနှင့် သိန်း စိန် တို့ကို အခြေအနေများနှင့်ပတ်သက် ၍ အသိပေး အကြောင်းကြား မှုများ ရှိခဲ့သော်လည်း ပုံမှန် ဆွေးနွေးတိုင်ပင်မှု မရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန် ပိုင်း နှင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်မူ သန်းရွှေ၊ သိန်းစိန်တို့နှင့် ပုံမှန်နီးပါး တိုင်ပင်ဆွေးနွေးမှုများ ရှိလာကြောင်း၊ ၃ ဦးစလုံး၏ သဘော တူညီ ချက် အနေဖြင့်လည်း ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေး အကျပ်အတည်း အခြေ အနေကို ကျော်လွှားရန် သဘောတူညီမှုများရှိနေကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲကတစ်ဆင့် ထွက်ပေါက်သွားဖို့ ၊ နောက်တစ်ခါ ရွေးကောက်ပွဲ မှာ အကုန်ပါဝင်လာအောင် လုပ်ချင်တာမျိုး။ ရှင်းရှင်းပြောရရင်တော့ NLD ပါဝင် လာခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုင်ငံရေးအခင်းအကျင်းမျိုးကို ပြန်သွားဖို့ ဦးသန်းရွှေ နဲ့ ဦးသိန်းစိန်တို့ဘက်ကနေ အကြံပြုတာမျိုး ရှိတယ်လို့ သိရပါတယ်။ ပြောချင် တာကတော့ အခုနောက်ပိုင်းမှာ အခြေအနေကို ဘယ်လိုကျော် လွှားမလဲဆို တာမျိုး ဆွေးနွေးမှုတွေရှိနေတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

သန်းရွှေနှင့် သိန်းစိန်တို့ကလည်း မင်းအောင်လှိုင် ချမှတ်ထားသော နိုင်ငံရေး လမ်းပြမြေပုံကို ထောက်ခံမှု ပေးထားပြီး ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပခြင်းမှ တစ်ဆင့် အဖြေရှာရန် တွန်းအားပေးနေကြောင်း၊ သိန်းစိန်သည် တရုတ်နိုင်ငံမှ လာသော သံတမန်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တို့နှင့်တွေ့ဆုံခြင်း အပါအဝင် နိုင်ငံတကာက နိုင်ငံရေးအရ တွေ့ဆုံမေးမြန်း လာမှုများကို မင်းအောင်လှိုင်နှင့် စစ်ကောင်စီကိုယ်စား အပြန်အလှန်ဆွေး နွေးခြင်းများ ရှိလာကြောင်း သိရှိရသည်။

“လက်ရှိ တပ်ချုပ်နဲ့ စကားမပြောချင်တဲ့ ဟာမျိုးတွေကို ဦးသိန်းစိန်ကတစ်ဆင့် စကားပြောဖို့ လမ်းကြောင်း ဖွင့်ပေးတာမျိုးမြင်ရတယ်။ ဦးသိန်းစိန်က ပြုပြင် ပြောင်း လဲရေးသမားဆိုပြီး သူ့လက်ထက်တုန်းက နာမည်ရှိတော့ ဦးသိန်းစိန်က နေတစ်ဆင့် နိုင်ငံတကာလမ်းကြောင်းကို လက်ရှိ နစက က ပြန်ဖွင့်နေတဲ့ သဘောမျိုးမြင်ရတယ်။ ဦးသိန်းစိန်က အရေးပါတဲ့ နေရာကနေ ပါဝင် ဆွေးနွေး လာတာ မျိုးလို့လည်း ပြောလို့ရတယ်” ဟု နေပြည်တော် စစ်ဘက် သတင်း ရင်းမြစ်က ဆိုသည်။

လာမည့် ရက်ပိုင်းအတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang လည်း မြန် မာ နိုင်ငံ လာရောက်ရန်ရှိနေပြီး သမ္မတဟောင်း ဦးသိန်းစိန်နှင့် တွေ့ဆုံ နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် မတ်လ ၂၇ ရက်နေ့ စစ်အရာရှိ သက်ကြီးကန်တော့ပွဲတွင် သိန်းစိန်ကို အလေးပြုနေသော မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article