29 C
Yangon

ရေဦးမြို့နယ်၊ ဆည်ကြီးရွာနှင့်ပေါက်သာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်

Must read

ရေဦးမြို့နယ်၊ ဆည်ကြီးရွာနှင့်ပေါက်သာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ မေ ၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဆည်ကြီးရွာနှင့်ပေါက်သာရွာတို့ကို စစ်တပ်က မီးရှို့ ဖျက်ဆီးနေပြီး စစ်သားများ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း

ဗိုလ်ကျားကြီးအဖွဲ့ ဒီပဲယင်းမှ တာဝ်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့တွင် မုတ်စီရွာမှ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆည်ကြီးရွာနှင့် ပေါက်သာရွာတို့ကို နှစ်ဖွဲ့ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ကာ စစ်သားများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပေါက်သာရွာသား အမျိုးသမီးတစ်ဦး ကျည်ထိမှန် ခဲ့ကြောင်း သိရသည်။

“ပေါက်သာရော ဆည်ကြီးရော မီးရှို့တာပါ စစ်ခွေးတွေ ရမ်းသမ်းပစ်ခတ်လို့ ထိမိတာပါ အမျိုးသမီးက နီးစပ်တဲ့ကျေးရွာတွေကတော့ အားလုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဗိုလ်ကျားကြီးအဖွဲ့ ဒီပဲယင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပေါက်သာရွာသို့ မီးရှို့ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်ခန့်တွင် ပိဋကတ်ကျရွာဘက်သို့ ကင်းတိုးထွက်နေကြောင်း သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article