32 C
Yangon

နောင်ချိုရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ၅ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ

Must read

နောင်ချိုရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ၅ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ

ရန်ကုန်၊ မေ ၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ၅ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း နောင်ချို ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ ယနေ့ မေလ ၁ ရက်နေအထိ အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ်ရှိ လောက်ဖန်းရွာ၊ ပင်တီးရွာ၊ နောင်ကွမ်ရွာ၊ နမ့်ကယ်အိုက်ရွာ၊ နားဟီးရွာ၊ နားကော်ရွာ၊ မန်တိုက်ရွာ၊ ဖာတန့်ရွာ၊ ဆိပ်ဖူးရွာ၊ ကောင်းမဟီးရွာတို့ကို ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး စီးနင်း နေခြင်း ဖြစ်​ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးရာလမ်းတစ်လျှောက်ရှိ ပြည်သူများကို အတင်းအကျပ် စစ်ဆေးမေးမြန်းကာ PDF တပ်ဖွဲ့များတွေ့ရှိပါကာ အကြောင်းကြားရန် ခြိမ်းခြောက် ပြောဆိုမှုများရှိကြောင်း သိရှိရသည်။

” နောင်ချိုတိုက်ပွဲတွေမှာ စစ်ခွေးတွေ အသေများပြီးနောက် နယ်မြေ ရှင်းတယ်ဆိုပြီး ဧပြီ ၂၇ ရက်နေ့ကနေ ဒီနေ့ မေလ ၁ ရက်နေ့ထိ စစ်ကြောင်းထိုးနေတယ်။ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတာပေါ့။ တိုက်ပွဲဖြစ်မှာဆိုလို့ ထိတွေ့မှု ဖြစ်တာတော့ မရှိပါဘူး။ စစ်ခွေး စစ်ကြောင်းက အခုပြန်လှည့်နေပြီလို့တော့ကြားတယ်” ဟု နောင်ချို ပကဖ တာဝန်ခံကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article