30 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁

ပဲခူတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာနေ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စစ်သားဟောင်း တင့်ဆန်းကို သံတောင်မြောက်ပိုင်း အထူးဒေသ နယ်မြေခံ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင် အဖွဲ့က သတိပေးမှု ၂ ကြိမ်ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ စစ်တပ်အတွက် အလုပ် ဆက်လက် လုပ်ကိုင်နေသောကြောင့် သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီး ခေါ်ဆောင်လာစဥ် လမ်းတစ်နေရာအရောက်၌ ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ သေနတ်ကျည်ထိမှန်ပြီး နေရာတင် သေဆုံးသွားကြောင်းသိရှိရသည်။

“သူ့ကို ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့ပြီးမှ သွားရောက် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီး ခေါ်ဆောင်လာတုန်း လမ်း တစ်နေရာမှာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ နေရာမှာပဲ သေဆုံးသွားတယ်” ဟု ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

သေဆုံးသွားသော စစ်သားဟောင်း တင့်ဆန်း ထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံး၊ အင်္ကျီ ၁ ထည်တို့ကို ၎င်း၏ ဆိုင်ကယ် တူးဘောက် အတွင်းမှ သက်သေခံ ပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်း ရမိခဲ့​ကြောင်း သိရသည်။

စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းသည် သံတောင်မြောက်ပိုင်း အထူးဒေသ၏ ထိန်းချုပ်နယ်မြေ ဖြစ်သောကြောင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများကို ဆက်လက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း သံတောင်မြောက်ပိုင်းအထူးဒေသ နယ်မြေခံ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင် အဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article