36 C
Yangon

မလေးရှားတွင် အလုပ်သမားနေ့ အထိမ်းအမှတ် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရုံးတွင်းသပိတ်ပြုလုပ်

Must read

မလေးရှားတွင် အလုပ်သမားနေ့ အထိမ်းအမှတ် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရုံးတွင်းသပိတ်ပြုလုပ်

ရန်ကုန်၊ မေ ၁

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ NLD-OC-MALAYSIA ရုံးတွင် အအလုပ်သမားနေ့ အထိမ်းအမှတ် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရုံးတွင်းသပိတ်ကို ယနေ့ ပြုလုပ်သည်။

အဆိုပါ သပိတ်ကို NLD-OC-MALAYSIA မှ ဦးဆောင်ကျင်းပခဲ့ပြီး ဥက္ကဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း၊ ဧည်သည်တော်များအနေနှင့် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသော မလေးရှားရောက် CDM များတက်ရောက်ခဲ့ကြပြီး မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြပွဲကို မလေးရှားအစိုးရက ခွင့်ပြုချက် ချမပေးသောကြောင့် ရုံးတွင်း သပိတ်ပြုလုပ်ရခြင်းဖြစ်ပြီး စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြ ဟောပြောပွဲကို မွန်းလွဲ ၁ နာရီတွင် စတင်၍ ညနေ ၃ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသော CDM ဝန်ထမ်းများကို Community Card (NLD) ပြုလုပ်ပေးခြင်း ၊မလေးရှားနိုင်ငံတွင် လုံခြုံစွာနေထိုင်နိုင်ရန် UNHCR FORM ဖြည့်ပေးခြင်းတို့ကို ကူညီဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article