25 C
Yangon

KIA စစ်ဦးစီးချုပ် ခေါင်လွမ်း ကွယ်လွန်မှု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Must read

KIA စစ်ဦးစီးချုပ် ခေါင်လွမ်း ကွယ်လွန်မှု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ရန်ကုန်| မေ ၁၅

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း (Rukhkyawng Hkawng Lum) ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့တွင် ပေးပို့ခဲ့သည်။

KIO ၏ အမြဲတမ်းဗဟိုကော်မတီဝင်၊ KIA စစ်ဦးစီးချုပ် အမှတ် (၁) စစ်ဒေသ၊ စစ်ဒေသမှူးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသက် ၆၂ နှစ်အရွယ် မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ရုတ်တရက် သေဆုံးသွားခြင်းအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည် MNDAA, TNLA နှင့် AA တို့က စိတ်မကောင်းဖြစ်ကြောင်းနှင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌ တော်လှန်ရေးတာဝန်များကို စတင်ထမ်းဆောင်သည့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်းမှစ၍ သူကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

(Bass Guitar) ဘေ့စ်ဂီတာတီးခတ်သော ဂီတအနုပညာရှင်တစ်ဦးဖြစ်သကဲ့သို့ ဟာသပြောတတ်သော ကချင်ဗိုလ်ချုပ်များအုပ်စုထဲမှ တစ်ဦးဖြစ်သည့်အပြင် လူချစ်လူခင်ပေါများသောသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

စကားကို တဲ့တိုးပြောတတ်သော်လည်း အလုပ်ကို အတူတကွပူးတွဲလုပ်ဆောင်ချိန်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ကောင်းသော ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူ ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။

ကချင်ပြည်နှင့် ကချင်လူမျိုးများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေးလမ်းခုလတ်တွင် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုများ၊ ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ထို့ပြင် လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းထဲတွင် ရှေ့တန်းစစ်မြေပြင်ထက်၌ စစ်ရေးတာဝန်များကို အဓိကတာဝန်ယူခဲ့သောသူတစ်ဦးဖြစ်ပြီး KIA ၏ လက်ရှိ စစ်ရေးအောင်မြင်မှုများတွင် အခရာကျသောသူအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ကချင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွှတ်မှုနှင့် လုပ်ဆောင်ချက်များအား လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုလျက် ဒုတိယ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article