28 C
Yangon

ဒေါပုံ၊ နွယ်အေးရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်နှင့် စည်ပင်တို့က ၁ လအတွင်း ဖယ်ရှားခိုင်း

Must read

ဒေါပုံ၊ နွယ်အေးရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်နှင့် စည်ပင်တို့က ၁ လအတွင်း ဖယ်ရှားခိုင်း

ရန်ကုန်၊ မေ ၈

ရန်ကုန်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် စည်ပင် တို့က ၁ လအတွင်း ဖယ်ရှားရမည်ဟု အကြောင်းကြားစာများ ပေးပို့သွား​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဧရာဝဏ်လမ်း၊ သုဝဏ္ဏတံတားအနီး ကျောက်ခွဲစက် အဝင်လမ်းဘေး မြေနေရာသည် ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီပိုင်မြေဟု ဆိုကာ စစ်တပ်၊ စည်ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ဖယ်ရှားပေးရန် လာရောက် ပြောဆိုသွားခြင်း ဖြစ်​ကြောင်းသိရသည်။

” နေအိမ် အားလုံးပေါင်း ၅၇ လုံး ရှိတယ်။ ကျွန်တော်တို့နေလာတာ ၂၇ နှစ် ရှိပါပြီ ကျွန်တော်တို့ကိုကူညီနိုင်ရင် ကူညီပေးကျဖို့ မေတ္တာရပ်ခံပါတယ်။ အဲမှာ နေတဲ့ သူတွေ အကုန်လုံးက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ သူတွေပါ။ အခုအကုန်လုံး ဒုက္ခရောက်နေပါပြီ စည်ပင်တွနဲ့ စစ်သားတွေ ရောက်လာပြီး ​၁ လအတွင်းပြောင်းပေးဖို့ စာလာပို့သွားတာပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မြေနေရာကို ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေ ပုဒ်မ ၅၀၊ ၅၁ ပါ ပြဌာန်းချက်အရ ဖယ်ရှားရှင်းလင်းရမည်ဖြစ်ကြောင်း၊ မေလ ၈ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အတွင်း ဖယ်ရှားပေးရန် အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article