36 C
Yangon

ဝက်လက်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်း ၈၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ပြုလုပ်

Must read

ဝက်လက်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်း ၈၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ မေ ၈

၀က်လက်မြို့နယ် ကျောင်းသားများလသမဂ္ဂ-ဗကသ များအဖွဲ့ချုပ်နှင့် ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ-ဗကသများ အဖွဲ့ချုပ်တို့ ဦးဆောင်ကာ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်း ၈၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားပွဲသို့ တက်ရောက် လာသော ကျောင်းသားများနှင့် ၀က်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂမှ အမှုဆောင်များ ပူးပေါင်းပြီး ဗကသများအဖွဲ့ချုပ်၏ သမိုင်းအကျဉ်းကို ဖတ်ကြားခြင်းနှင့် ကဗျာရွတ်ခြင်းတို့လည်းပြုလုပ်ခဲ့ကြောင်း၊ ၀က်လက်မြို့နယ် ကျောင်းသားများသမဂ္ဂသည် ဉာဏ်အလင်းလှုပ်ရှားမှုအဖြစ် ကျောင်းသားလှုပ်ရှားမှုနှင့် စာပေလှုပ်ရှားမှုတို့ကို ပေါင်းစပ်နိုင်ရန် လုပ်ငန်းစဉ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article