31 C
Yangon

ဗန်းမောက်တွင် စစ်တပ်စွန့်ပစ်ထားခဲ့သော SNA အလာင်း ၆ လောင်းကို PDF က ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

Must read

ဗန်းမောက်တွင် စစ်တပ်စွန့်ပစ်ထားခဲ့သော SNA အလာင်း ၆ လောင်းကို PDF က ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မြို့အနောက်ဘက်၊ ဆိတ်စခူမှော်အနီးတိုက်ပွဲ အတွင်း သေဆုံးသွားသဖြင့် စွန့်ပစ်ထားခဲ့သော SNA တပ်သား အလောင်း ၆ လောင်းကို PDF တပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလအတွင်းက ဗန်းမောက်မြို့နယ်၊ အနောက်ခြမ်း၊ ဆိတ်စမူမှော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံ SNA ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးသွား SNA တပ်သားများကို စွန့်ပစ်ထားခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ပုပ်ပွသေဆုံး နေသောအလောင်း ၆ လောင်းကို တွေ့ရှိပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ရခြင်းဖြစ် ကြောင်း Bamauk Revolution -BR ထံမှ သိရသည်။

“SNA တပ်သားအလောင်းတွေ ဟုတ်တယ်၊ တိုက်ပွဲပြီးထိနာပြီး သေဆုံးသွားတဲ့ သူတွေကို စွန့်ပစ်ထားခဲ့ တာ၊ အဲဒီနေ့က တိုက်ပွဲမှာက ကျနော်တို့ဘက်လည်း ၂ ယောက်ထိတယ်၊ သူတို့ဘက်ကတော့ ကျနော်တို့ လက်တွေ့မြင်ရတာ ၆ ယောက်ပေါ့၊ SNA တွေပါ၊ အခုလည်း အဲဒီအနီးတဝိုက်မှာရှိနေသေးတယ်၊ သူတို့ဘက် နောက်ဆုတ်သွားလို့ တိုက်ပွဲကတော့ လောလောဆယ်ဖြစ်တာမရှိသေးဘူး” ဟု Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article