32 C
Yangon

မိုချာ ဆိုင်ကလုန်း မုန်တိုင်း ယခုညပိုင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိပြီး ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်အကြား ဖြတ်သန်းဖွယ်ရှိနေ

Must read

မိုချာ ဆိုင်ကလုန်း မုန်တိုင်း ယခုညပိုင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိပြီး ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်အကြား ဖြတ်သန်းဖွယ်ရှိနေ

ရန်ကုန်၊ မေ ၁၁

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မိုချာ ဆိုင်ကလုန်းမုန်တိုင်းသည် ယခုညပိုင်းတွင် အားကောင်းသော မုန်တိုင်းအဖြစ်ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဇဌာနက ကြေညာထားသည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၀ ကီလိုမီတာမှ အမြင့်ဆုံး ၁၃၀ ကီလိုမီတာအထိ တိုက်ခိုက်နိုင်ပြီး မေလ ၁၃ ရက်နေ့မှစတင်၍ အားလျော့ကာ ကမ်းခြေဘက်သို့ ဖြတ်သန်း ဝင်ရောက်နိုင်ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဇဌာနက ခန့်မှန်းထားသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊‌ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု မြန်မာမိုးလေဝသဌာနက ခန့်မှန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article