38 C
Yangon

စစ်တွေတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေ

Must read

စစ်တွေတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေ

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ထဲတွင် မုန်တိုင်းဒီရေများ ဝင်လာချိန်တွင် လေတိုက်နှုန်း ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးများ အချိန်မီလုပ်ရန် လည်း ခက်ခဲနေကြောင်း မြို့ခံကယ်ဆယ်ရေးသမားတချို့က ပြောသည်။

“လေက အရမ်းတိုက်နေတယ်။ ငြိမ်မသွားဘူး။ မိုးကလည်း တောက်လျှောက်။ ထွက်ဖို့ ပြုဖို့က မလွယ်သေးဘူး။ ကျနော်တို့လည်း မျက်ခြေမပြတ်ဘူး အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရေက အခု သိသလောက် ၃ ပေ ကျော် ၄ ပေလောက်ရှိတယ်။ တချို့နိမ့်တဲ့နေရာတွေမှာ ၅ ပေ လောက်အထိ တက်လာတယ်။ အိမ်အောက်ထပ်တွေတော့ မြုပ်သွားပြီ။ ကယ်ဆယ်ရေး လုပ်ရင်လည်း လှေတွေနဲ့ပဲ သွားလို့ရမယ့် အခြေအနေဖြစ်နေတယ်။ ဖုန်းလိုင်းတွေလည်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်” ဟု စစ်တွေမြို့ခံ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article