33 C
Yangon

မိုခါ မုန်တိုင်း စတင်ဝင်ရောက်လာတဲ့ နေ့မှာ လေဒဏ် မိုးဒဏ်ကြောင့် ရဲ ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး

Must read

မိုခါ မုန်တိုင်း စတင်ဝင်ရောက်လာတဲ့ နေ့မှာ လေဒဏ် မိုးဒဏ်ကြောင့် ရဲ ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၄

မိုခါ ဆိုင်ကလုန်း မုန်တိုင်းစတင်ဝင်ရောက်လာတဲ့ ဒီကနေ့ မေ ၁၄ ရက်နေ့မှာ လေဒဏ်မိုးဒဏ်ကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီဖြစ်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်ကောင်စီ ရဲတပ်ကြပ်ကြီးတဦးနဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က ဆိုက်တွဲမောင်းတဲ့ ပြည်သူတဦးဟာ လေဒဏ်ကြောင့်ကျိုးကျတဲ့သစ်ကိုင်းပိပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်မှာ မိုးရွာသွန်းမူကြောင့် မြေထိန်းနံရံအိမ်ပေါ်ပြိုကျကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာအုပ်စု၊ စလူကျေးရွာမှာ ဒီကနေ့ မေ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင် မုန်တိုင်းဒဏ်ကြောင့် သစ်ပင်လဲကျရာက ချင်းအမျိုးသားလူငယ်တဦး သစ်ပင်ပိသေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့လူငယ် ဆလိုင်းနေလင်းအောင်၊ အသက်၂၀ နှစ်ဟာ အိမ်ရှေဘဝရံတာမှာထိုင်နေစဥ် သစ်ပင်အိမ်ပေါ်လဲကျတာကြောင့် ထိခိုက်ဒဏ်ရာရှိသေဆုံးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ပြင်ဦးလွင်တွင် သစ်ပင်ပိသေဆုံးသော ရဲတပ်ဖွဲ့ဝင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article