37 C
Yangon

မြ၀တီကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အကြောင်းပြ၍ စစ်တပ်၊ ရဲ က ဂိတ် ၄ ခုဖွင့်ပြီး ဆက်ကြေးကောက်ယူမှု အခြေ အနေ ဆိုးလာ

Must read

မြ၀တီကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အကြောင်းပြ၍ စစ်တပ်၊ ရဲ က ဂိတ် ၄ ခုဖွင့်ပြီး ဆက်ကြေးကောက်ယူမှု အခြေ အနေ ဆိုးလာ

ရန်ကုန်၊ မေ ၁၅

ကရင်ပြည်နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အကြောင်းပြ၍ စစ်တပ်နှင့်ရဲက ဂိတ် ၄ ခုဖွင့်ပြီး ဆက်ကြေး တောင်းယူမှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ဒေသပြည်သူများနှင့်ကုန်တင်ယာဉ်မောင်းက ပြောဆိုကြသည်။

မတ်လ ၂၅ ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်ကို KNLA နှင့်PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က မြ၀တီကုန်သွယ်ရေးဇုန်တွင် အတွင်း အပြင်စည်းများ သတ်မှတ်၍ ဂိတ်များစွာ ချထားကြောင်း၊ ယင်းသို့ လုံခြုံရေးတိုးမြှင့်ပြီးချိန်မှစတင်၍ ကုန်ကားများ၊ ခရီးသွားကားများအားလုံး ဆက်ကြေး အဆမတန် ပေးလာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီ တပ် သားတွေက ဂိတ်ဖွင့် ဆပ်ကြေးကောက်တာမှာ အတွင်းစည်း၊ အပြင်စည်း ဆိုပြီး ဂိတ် ၄ ခု ဖွင့်ထားပါတယ်။ ထိုင်း ဘက်အခြမ်း ု ကုန်ကား ကြီး တွေ ဆို လျှင် ကားတစ်စီးကို ဘတ် ငွေ ၁၀၀ ပေးရပါတယ်။ ၄ ဂိတ် ဆိုတော့ ဘတ် ၄၀၀ ပေးရပါတယ်။ ထိုင်းကားသမားတွေ က စိတ်ပျက်နေရတယ်။ မြန်မာ ကုန်ကားတွေဆို လည်း တစ်စီး ၁သောင်းပေးရပါတယ်။ ဂိတ် ၄ ဂိတ်ဆိုတော့ မြန်မာကုန်ကားတွေက ငွေ ၄ သောင်းပေးရတယ်။ တွဲ ကားကြီး တွေ ဆို ကားတစ်စီးကို ဂိတ်တစ်ခုမှာ ကျပ် ငွေ ၁သောင်းခွဲပေးရပါတယ်။ VIP လမ်းကြောင်းနဲ့ တန်းစီစရာမလိုဘဲ ဇုန် အဝင် အထွက် ထိ ကား ကြီး တစ်စီး ကို ကျပ်ငွေ တစ်သိန်းခွဲ ပေးရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ဆေးရေး၊ ကုန်သွယ်ရေး ဇုန်လုံခြုံရေး စစ်သားများနှင့် အပေါင်းပါများ အလုပ်ဖြစ်နေကြတယ်။ ငွေရနေကြတာ” ဟု မြ၀တီမြို့ခံ ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး သမားတစ်ဦးက ပြောသည်။

ယခင်က အမှတ် ၂ တံတားမှ ဝင်လာသည့် ကားများသည်မြ၀တီမြို့နယ်ထဲသို့ နယ်ကျော် ဝင်ရောက်လာကြပြီး မြန်မာကားနံပါတ် ကပ်လိုက်ကြကြောင်း၊ ယခုအခါ ထိုကဲ့သို့ မြန်မာနံပါတ် တပ်သည့် ထိုင်းကားတချို့ကို ဖမ်းဆီးမှုများရှိလာပြီး မြ၀တီဒေသအာဏာပိုင်များအကြား အချင်းချင်း အဝေမတည့်သည့် ပြဿနာများရှိလာကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တွင် ရဲဘက်ကလည်း ဆက်ကြေးကောက်ယူမှုများရှိနေရာ ခရိုင်ရဲဒနမှ ထွန်းထွန်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့၊ ၊သင်္ဃန်းညီနောင် ရွာသစ်တွင် ပြည်နယ်ဒန အေးနိုင် ဦးဆောင်သောအဖွဲ့၊ တပ်ကြပ်စိုးဇော်ဦး၊ ပျူစောထီး ကိုငယ်တို့ကလည်း ပုံစံမျိုးစုံဖြင့် ခရီးသွားကားများ၊ ကုန်ကားများကို ငွေညှစ် ဆက်ကြေးတောင်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article