32 C
Yangon

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း တစ်ကျွန်းလုံးရှိ ရွာပေါင်း ၂၄ လုံး ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးပြီး လူသေဆုံးမှုတချို့ရှိကာ မည်သည့် ကူညီကယ်ဆယ်ရေးမှ မရှိဖြစ်နေ

Must read

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း တစ်ကျွန်းလုံးရှိ ရွာပေါင်း ၂၄ လုံး ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးပြီး လူသေဆုံးမှုတချို့ရှိကာ မည်သည့် ကူညီကယ်ဆယ်ရေးမှ မရှိဖြစ်နေ

ရန်ကုန်၊ မေ ၁၇

ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း တစ်ကျွန်းလုံးရှိ ရွာပေါင်း ၂၄ လုံး ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးပြီး လူသေဆုံးမှုတချို့ရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းပေါ်ရှိ ဦးဂါကျေးရွာ၊ ဇီးကိုင်၊ မြင်ခချောင်း၊ ဆားပြင်ကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ ကူတောင်၊ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်ကျေးရွာ အပါအဝင် ရွာပေါင်း ၂၄ လုံးမှာ နေအိမ်များအားလုံး ပြိုလဲပျက်စီးသွားပြီး မိုးစဲကျွန်းတစ်ကျွန်းလုံးပေါ်ရှိ ပြည်သူများအားလုံး အကူအညီများ အထူးလိုအပ်နေကြောင်း၊ လူဦးရေ သောင်းနှင့်ချီသော ပြည်သူများ အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိုးစဲကျွန်းပေါ်က ရွာ ၂၄ ရွာလုံး ပျက်စီးတယ်။ ၁၀၀ ရာနှုန်းပြည့် ပျက်စီးတယ်။ လူသေတာတွေလည်းရှိတယ်။ အခုထက်ထိ ကူညီကယ်ဆယ်ရေး မရှိသေးတဲ့အပြင် ဘယ်သူတွေ သေတယ်ဆိုတာ စာရင်းကောက်လို့မရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် မေ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ ရသေ့တောင်မြို့ တစ်မြို့လုံး ၁၀၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားကြောင်း မြို့ခံများ၏ ဆက်သွယ် ပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်ကျော်နိုင်က “အပျက်အစီးကတော့ တော်တော် များပါတယ်။ လေတိုက်နှုန်းက ၁၇၀ ကျော်လောက်ရှိနိုင်တယ်။ တစ်ချို့နေအိမ်တွေဆိုရင် ရစရာမရှိအောင် ဘာမှ မကျန်ခဲ့ဘူး။ အထူးသဖြင့်တော့ မြို့ပြင်က နေအိမ်တွေဆိုရင် နေအိမ်တောင်ရှာမရတဲ့အခြေအနေပါ။ မြင်ကွင်းကတော့ ရစရာမရှိတော့ပါဘူး”ဟုပြောသည်။

ရသေ့တောင်မြို့ အတွင်း ဆေးရုံးဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံးများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများ ဆက်သွယ်ရေး တာဝါတိုင်များ အပါအဝင် လူနေအိမ် အားလုံးနီးပါး ပျက်စီးသွားပြီးကြောင်း ရသေ့တောင်မြို့ခံတစ်ချို့၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article