36 C
Yangon

ဘောလခဲမြို့နယ်၊ စောလုံရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အသက် ၁၇ နှစ်အရွယ် က​လေး ၁ ဦးသေဆုံးပြီး ဆေးပေးခန်း အပါအဝင် နေအိမ် ၈ လုံး ပျက်စီး

Must read

ဘောလခဲမြို့နယ်၊ စောလုံရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အသက် ၁၇ နှစ်အရွယ် က​လေး ၁ ဦးသေဆုံးပြီး ဆေးပေးခန်း အပါအဝင် နေအိမ် ၈ လုံး ပျက်စီး

ရန်ကုန်၊ မေ ၁၇

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စောလုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၇ နှစ်အရွယ် က​လေး ၁ ဦးသေဆုံးပြီ ကျေးရွာ ဆေးပေးခန်း အပါအဝင် နေအိမ် ၈ လုံးပျက်စီး ခဲ့ကြောင်း ဘောလခဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ ကျေးရွာ ဆေးပေးခန်း အဆောက်အဦး ၂ လုံးနှင့် လူနေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၄ နာရီ ဝန်းကျင်လောက်မှာဘအကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲလို့ အသက် ၁၇ နှစ် အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး သက်ကြီးပိုင်း အမျိုးသား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။ လေယာဥ်ဗုံးကျဲမှု‌ကြောင့် ‌ကျေးရွာ ဆေးပေးခန်း အဆောက်အဦး ၂ လုံးနဲ့ လူနေအိမ် ၆လုံး ပျက်စီးခဲ့တယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ခဲ့တယ်” ဟု ဘောလခဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဘောလခဲ ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က လူ‌နေကျေးရွာများကို လေယာဥ်ဖြင့် ဗုံးကျဲမှု ဖြစ်စဥ် ၃ ကြိမ် အထိ ရှိလာပြီဖြစ်ကာ ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဘောလခဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article