31 C
Yangon

ကနီမြို့နယ်၊ ချောင်းမနှင့် မင်းမကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ပြီး ထပ်ဆင့်ပေါက်ကွဲသော Cluster ဗုံးများ ကျဲချ၊ စစ်တပ်ဘက်မှ အနည်း ဆုံး ၈၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ သဖြင့် လေကြောင်းတိုက်ခိုက်

Must read

ကနီမြို့နယ်၊ ချောင်းမနှင့် မင်းမကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ပြီး ထပ်ဆင့်ပေါက်ကွဲသော Cluster ဗုံးများ ကျဲချ၊ စစ်တပ်ဘက်မှ အနည်း ဆုံး ၈၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ သဖြင့် လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယခုတစ်ပတ်တာကာလအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသောကြောင့် တိုက်လေယာဉ်၂စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကာ ထပ်ဆင့် ပေါက်ကွဲစေတတ်သော Cluster ဗုံးများ ကျဲချကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ချောင်းမရွာနှင့် မင်းမရွာဝန်းကျင်သို့ တံတားဦးလေဆိပ်မှတက်သော တိုက်လေယာဉ်နှစ်စီးဖြင့် ယနေ့ မေလ၁၇ရက် နေ့လယ် ၂နာရီ ၃၆မိနစ်နှင့် ၂နာရီ ၄၅မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ကတည်းကပွဲဖြစ်နေတာပါ။ ရန်သူ့ဘက်က တစ်ပတ်အတွင်း ၈၀ကျော်ပြုတ်ထားတယ်။ အထိတော်တော်နာနေတာ။ Cluster ဗုံးတွေ ကျဲချတယ်။ အဲ့တော့ ဒီနေ့လယ်မှာ ချောင်းမနဲ့ မင်းမရွာဝန်းကျင်ကို လေကြောင်းနဲ့ဆက်တိုက်ပစ်တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကနီမြို့နယ်တွင် မေလ ၁၁ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တစ်ပတ်တာ ထိတွေ့တိုက်ပွဲများအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈၀ဦး ထက်မနည်းသေဆုံးထိခိုက်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article