37 C
Yangon

ကျွန်းလှမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မြင့်နိုင်ကို ဝင်ဖမ်းစဉ် မိသားစုလိုက်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

ကျွန်းလှမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မြင့်နိုင်ကို ဝင်ဖမ်းစဉ် မိသားစုလိုက်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ ပျူခေါင်းဆောင်မြင့်နိုင်ကို ဝင် ရောက် ဖမ်းဆီးစဉ် မိသားစုလိုက် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။

ယနေ့ မေလ ၁၇ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်တပ်နှင့် လက်နက်အားကိုးဖြင့် မိသားစုလိုက် ရွာသူ၊ ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ငွေညှစ်၊ ကင်းစောင့်ခိုင်းနေသော ပျူစောထီးခေါင်းဆောင်မြင့်နိုင်မိသားကို ကန့်ဘလူခရိုင်တပ်ရင်း-၁ နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)တို့မှ ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း သိရသည်။

“ပျူစောထီးခေါင်းဆောင်ရော၊ သူ့မိန်းမရော၊ သူ့သားရော ၃ ယောက်လုံးက သေနတ်နဲ့ပြန်ခုခံဖို့ ကြိးစားတာ၊ သူ တို့မိသားစုက အစကတည်းက စစ်တပ်ထောက်ခံတဲ့သူတွေ၊ သူ့မိန်းမကလည်း သန်မှသန်၊ ပျူသင်တန်းကို လည်း မြင့်နိုင်ရော၊ သူ့သားရော တက်ထားတာ၊ သူ့သားက အသက် ၂၀ ကျော်ပြီ၊ အင်တာနက်လိုင်းမရ လို့ ပုံတွေက မရဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ပြောကြားသည်။

၎င်းတို့မိသားစုအား ပစ်ခတ်ဖမ်းဆီးရှင်းလင်းပြီးနောက် ကာဘိုင်သေနတ် တစ်လက်၊ ရှော့ဂန်း ၂ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပျူခေါင်းဆောင်မြင့်နိုင်နှင့်မိသားစု၏ ဖိအားပေးခြိမ်းခြောက် စေခိုင်း မှုကြောင့် ပျူစောထီးသင်တန်း မတက်ချင်ဘဲ တက်ရောက်ရသူများ ရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ အမျိုးသမီး PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article