29 C
Yangon

တောင်ငူထောင်တွင် သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက ထောင်တံခါးကို ခြေဖြင့်ကန် တိုးထွက် သေနတ်လုယူ ထွက် ပြေးခဲ့ပြီး ၉ ဦး လွတ်မြောက် နယ်မြေ ရောက်ရှိ

Must read

တောင်ငူထောင်တွင် သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက ထောင်တံခါးကို ခြေဖြင့်ကန် တိုးထွက် သေနတ်လုယူ ထွက် ပြေးခဲ့ပြီး ၉ ဦး လွတ်မြောက် နယ်မြေ ရောက်ရှိ

■ ထောင်ဖောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ၁ ဦး ပြန်ဖမ်းမိပြီး သေဆုံး

ရန်ကုန်၊ မေ ၁၉

ပဲခူးတိုင်း၊ တောင်ငူထောင်တွင် စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိခဲ့သော တောင်ငူထောင် ဖောက်ပြေးခဲ့သော သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ အပါအဝင် အကျဉ်းသား ၁၀ ဦး အနက်မှ ၉ ဦး လွတ်မြောက်နယ်မြေရောက်ရှိကြောင်း နယ်မြေခံ တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်းမှ အချုပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦး ၊ သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသူ ၂ ဦး တို့က ရုတ်တရက် အချုပ်ခန်းတံခါးကို ခြေထောက်ဖြင့် ကန် အတင်းတိုးထွက်ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်များ လုယူ ထွက်ပြေးခဲ့ကြကြောင်း ၊ ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ် ၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။

“၉ ဦးကတော့ လွတ်မြောက်နယ်မြေ ရောက်ရှိသွားပြီ။ ၁ ဦးကတော့ ပြန်ဖမ်းမိပြီး သေဆုံးသွားပါတယ်” ဟု နယ်မြေခံသတင်းရင်းမြစ်က ပြောသည်။

တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်” ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article