29.6 C
Yangon

ဗန်းမော်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်စောင့် စစ်သား ၂ ဦး ရန်ဖြစ်ပြီး ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

ဗန်းမော်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်စောင့် စစ်သား ၂ ဦး ရန်ဖြစ်ပြီး ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်စောင့် အကြမ်းဖက် စစ်သား ၂ ဦး အချင်းချင်းစကားများရန်ဖြစ်ပြီး ပစ်ခတ်ကြရာ ၁ ဦးသေဆုံးသွားကြောင်း ဗန်းမော်မြို့နေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ အင်းဝဘဏ် အစောင့် စစ်သား ၂ ဦးအချင်း ချင်း စကားများရန်ဖြစ်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း၊ စစ်သားတစ်ဦး ဝမ်း ဗိုက်ပွင့်ထွက်သေဆုံးသွားကြောင်း၊သေဆုံးစစ်သားအလောင်း ကို သုညသုခ နာရေး အသင်းကားဖြင့် လာရောက်သယ်ဆောင် ကာ သတင်းမထွက်နိုင်ရန် အကြမ်းဖက်စစ်တပ်က လိုက်လံပိတ်ထားကြောင်း သိရသည်။

“မနေ့က နေ့လယ်လောက်က အင်းဝဘဏ်စောင့် စစ်ခွေး ၂ ကောင် စကားများပြီး ပစ်ကြလို့ တစ်ယောက် ဗိုက်ပွင့်ပြီးသေသွားတယ်၊ သုညသုခကားနဲ့လာသယ်သွားတာ၊ သတင်းမထွက်​အောင် ပိတ်ထား​တော့ ဗန်း​မော်​ဒေသက ဘယ်သတင်း ဌာနမှ မတင်ရဲဘူး” ဟု ဗန်းမော်မြို့နေပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article