30 C
Yangon

ကနီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းများ ထွက်ပေါ်သဖြင့် ပြည်သူ များ နံနက် အစောပိုင်း ထွက်ပြေး တိမ်းရှောင်ရ

Must read

ကနီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းများ ထွက်ပေါ်သဖြင့် ပြည်သူ များ နံနက် အစောပိုင်း ထွက်ပြေး တိမ်းရှောင်ရ

ရန်ကုန်၊ မေ ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည် ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူများ ယနေ့ နံနက်အစောပိုင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီဒေသပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်မှစတင်ပြီး ကနီမြို့နယ်၊ ချောင်းမ ကျေး ရွာ၊ မင်းမကျေးရွာ၊ သမင်ခြံကျေးရွာတို့တွင် စစ်ကောင်စီက တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“သတင်းတွေထွက်နေတာက စာသင်ကျောင်းတွေ ရွာထဲကို တိုက်လေယာဉ်နဲ့ ဗုံးထပ်ကျဲမယ်ဆိုတဲ့ သတင်းထွက်တော့ ညပိုင်းက စပြီး ပြည်သူတွေက ရှောင် ကြ တယ်။ မနက်အစောပိုင်းမှာလည်း ရှောင်တဲ့ ပြည်သူပိုများလာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကနီမြို့နယ်၊ မင်းမကျေးရွာကို မေလ ၁၄ ရက်နေ့တွင်လည်း ကောင်း၊ ချောင်းမကျေးရွာ မေလ ၁၆ ရက်နေ့တွင်လည်းကောင်း တိုက် လေ ယာဉ် ဖြင့် ဗုံးကျဲခဲ့ပြီး စာသင်ကျောင်းများ လုံး၀ ပျက်စီးကာ ကျောင်းဝင်း အတွင်း တွင် မြေကျင်းကြီးများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

“တိုက်လေယာဉ်နဲ့ ဗုံးကျဲတုန်းက ကလေးတွေ ကျောင်းပိတ်ထားလို့ ဘာမှ မဖြစ်တာ။ သူတို့ကတော့ PDF တွေ စာ သင် ကျောင်းမှာ တပ်စွဲနေတယ်ဆိုပြီး အထင်နဲ့ ဗုံးကျဲတာထင်တယ်။ စာသင်ကျောင်းတွေ အကုန်လုံး တစစီ ဖြစ်ကုန် တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကနီမြို့နယ်၊ မင်းရွာနှင့် ချောင်းမကျေးရွာကို တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချပြီးနောက် စာသင်ကျောင်းဆောင်များ ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article