25 C
Yangon

ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီး

Must read

ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီး

ရန်ကုန်၊ မေ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ရွာချင်းဆက်လမ်းကို အကြမ်းဖက် စစ်တပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ကြောင်း Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို အကြမ်းဖက်စစ်တပ်က ဘက်ဟိုးများဖြင့် လာရောက် ဖျက်ဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

” ခွေးတွေက ၅ ခွဲလောက်မှာ လက်နက်ကြီး ၁ ချက်ပစ်ပြီးတော့ ၇ နာရီလောက်မှာ လာဖျက်သွားတာ။ လမ်းက အနက် ၆ ပေလောက်ရှိမယ်။ ဂေါ်တစ်ပြားစာပဲ။ ဘက်ဟိုးဂေါ်က အကြီးကြီးပဲလေ။ အခု ရွာသားတွေ သွားလာရေး ခက်ခဲကုန်တာပေါ့ ” လို့ ဒေသပြည်သူတစ်ဦးမှ‌ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးဖြင့် ဆောင်နိုင်ကြီးကျေးရွာဘက်သို့ မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် တစ်ချက်ပစ်ခတ်ပြီး ည ၇ နာရီလောက်တွင် ဘက်ဟိုးများဖြင့် လမ်းကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ဖျက်ဆီးခံရသည့် လမ်းအနက်သည် ၆ ပေခန့်ရှိပြီး ဂေါ်တစ်ပြားစာဖြင့် မြန်မြန်ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“လောလောဆယ် အဲဒီတစ်လမ်းပဲ။ ကရင်ပြည်နယ်ဘက်မှာလည်း ဖျက်ထားသေးတယ်။ လက်နက်ကြီးနဲ့ပစ်တာတော့ ထိတယ်အသံမကြားဘူး”ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။

ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးသွားသည့်အတွက် ဒေသပြည်သူများမှာ ကား၊ ဆိုင်ကယ် အသုံးပြု၍ မရတော့သည့်အတွက် သွားလာရေးတွင် အခက်တွေ့နေကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မိုးတွင်းကာလတွင် ၎င်းတို့ကို လာတိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အတွက် ယခုကဲ့သို့ နေရာတော်တော်များများတွင် လမ်းများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article