29 C
Yangon

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် နေ့စဥ် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် နေ့စဥ် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၂၀

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်နေပြီး နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးမှုရှိ ပြီး တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၉ ရက် နေ့က ဒီးမော့ဆိုမြို့နယ်အရှေခြမ်း၊ ဒေါကလူအုပ်စု၊ ကန် ၇ ဆင့် ပတ်ပတ် လည်အနီးတဝိုက်ရှိ ကျေးရွာများအတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ် ဆင်နေခြင်းဖြစ်ပြီး ငွေတောင်အခြေစိုက် တပ်ရင်း ၁၀၂ တပ်အတွင်းမှ တပ်မမှူးက အမိန့်ပေးကွက်ကဲ နေကြောင်း သိရသည်။

“မနေ့က ဆိုရင် ၃ ခေါက်လာတယ်၊ ဗုံးတွေပါတွေကျဲတယ်၊ ပစ်လဲပစ်တယ်၊ ကျဲလဲကျဲတယ်၊ နှစ် ဖက်က တော့ ကိုယ့်ဘက်က တက်ထိုးလိုက်၊ သူ့ဘက်က တက်ထိုးလိုက်ပဲ၊ တပ်ရင်းက ၃ ရင်းဆိုတော့ အင်အား က တော့ ၂၀၀ ကျော်မှာပေါ့၊ ဘယ်တပ်ရင်းတွေလဲတော့ မသိဘူး၊ တပ်မမှူးကတော့ ငွေတောင် ၁၀၂ တပ်ရင်းထဲမှာ ထိုင်ပြီး အမိန့်ပေးနေတာ၊ မနေ့ကအထိ ကျနော်တို့ဘက်က ၂ ယောက်ကျတယ်၊ KNDF တစ်ယောက်၊ KA တစ်ယောက်ပဲ၊ ဒဏ်ရာ ကတော့ ၆ ယောက် လောက်ရထားတယ်၊ သူတို့ဘက်ကတော့ ဘယ်လောက်ကျလဲ အတိအကျမသိ သေးဘူး၊ ကျတော့ကျတယ်၊ အများကြီးကျတယ်၊” ဟု ကရင်နီစစ် ဖက်ဆိုင်ရာ ဗဟိုသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စာကျောင်း ၁ ကျောင်း၊ လူနေအိမ် ၉ လုံး ပျက်စီးထားကြောင်း၊ဒေါညေးခူဘက်ဗုံးကျဲမှုတွင် လူနေအိမ် ၄ လုံးပျက်စီးပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးကာ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးမှုရှိကြောင်း သိရသည်။

အလားတူ ဘောလခဲမြို့အတွင်းရှိအကြမ်းဖက်စစ်တပ်မှလည်း ကျေးရွာများပေါ်သို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ကာ အနီးအနားရှိတောင်ကုန်းပေါ်မှ၌ တပ်စွဲထားနေရာယူထားကြောင်း၊ ဘောလ ခဲမြို့အတွင်းတာဝန်ကျ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများမှာလည်း ပြည်သူများနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ဘောလဲခဲမြို့ထဲမှာ တပ်ရင်း ၃ ရင်းရှိတယ်၊ နောက်တစ်ခုက ဗျူဟာလဲရှိတယ်၊ မြို့ထဲမှာရှိတဲ့ ပြည်သူ တွေကတော့ ထွက်ပြေးနေရတယ်၊ ဝန်ထမ်းတွေလဲပြေးကုန်ပြီ၊ သူတို့လုံခြုံမှုမရှိတော့ ထိန်းမရတော့ဘူး ဆိုတာ သိသွားလို့နေမှာ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article