30 C
Yangon

မတ္တရာမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ တကောင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

မတ္တရာမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ တကောင်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၀

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ညကင်း ဂိတ်စခန်းကို RPG ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၉ ရက် ည ၈ နာရီမိနစ် ၂၀ ခန့်က မတ္တရာမြို့ပေါ်၊ အ.ထ.ကကျောင်း အရှေ့၌ ညကင်း ဂိတ်စခန်းဖွင့်ကာ လုံခြုံရေးစောင့်နေသော အကြမ်းဖက်စစ်သားများကို RPG ဖြင့် တစ်လုံး ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းရှေ့မှာ ညစောင့်လုပ်နေတဲ့ လုပ်နေတဲ့ စစ်ခွေးတွေပါ၊ သူတို့က မြို့ထဲ လုံခြုံရေးယူတဲ့ စစ်အုပ်စု၊ ပြန်ပစ်တာတော့ရှိပါတယ်၊ ရဲဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့ပါတယ်” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေပွေးတပ်ဖွဲ့ ၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး အဖွဲ့ ၅ ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက်တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် အနီးပတ်၀န်းကျင်တွင် နေထိုင်ခြင်းမပြုရန် တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၆ မိုင်ရွာအနီးတွင် အကြမ်းဖက်စစ်ကား ၃ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကားတစ်စီး ထိမှန်ခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၉ ရက် ည ၈ နာရီခန့်က တကောင်းတိုက်နယ်၊ နီကယ်စက်ရုံမှ တကေင်းမြို့သို့ ဆင်းလာသော အကြမ်းဖက်စစ်ကား ၃ စီးကို ၆ မိုင်ရွာအနီးအရောက် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ နောက်ဆုံးကား တစ်စီးကို ထိမှန်ခဲ့ပြီး ကျန်ရှေ့ကား ၂ စီးမှာ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။

“ ဖိုးဝှီး ၂ စီးနဲ့ နောက်ဆုံးကားက ၆ ဘီးကား ပုံစံကားအသေးတစ်စီးပဲ၊ အကြီးကြီးမဟုတ်ဘူး၊ စုစုပေါင်း ခွေး ၃၀ လောက်တော့ပါမယ်၊မိုင်းထိပြီးတော့ ကားက တဖြည်းဖြည်းချင်းမောင်းသွားတာ၊ ၃ မိုင်ရွာ ရောက်တော့ ဆဲဆိုခြိမ်းခြောက်သွားတယ်လို့ သိရတယ်” ဟု တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article