34 C
Yangon

စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

ရန်ကုန်၊ မေ ၂၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနေ ပျူစောထီး ၃ ဦးကို ဝင်ရောက် ဖမ်းဆီးစဉ် ထွက် ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

မေလ ၁၈ ရက် ည ၁၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ လက် အောက်ခံများနှင့်ပူးပေါင်းပြီး ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနေသော ပျူစောထီး မြင့်ဇော်၊ ၎င်း၏ ဇနီး သက်သက်မာနှင့် သက်သက်မာ၏ မောင်ဖြစ်သူ ပျူစောထီး ကျော်ဇောဝင်း(ခ) မဲလုံးတို့အား သွားရောက် ဖမ်းဆီးရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်ကို အမှန်တကယ် ဟုတ်၊ မဟုတ်၊ စစ်ဆေးပြီးမှ သေချာလို့ သွားဖမ်းခဲ့တာ၊ ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေလို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်၊ ဒါပေမယ့် မရဘူး၊ အဲဒါကြောင့်မဖြစ်တော့လို့ သွားရှင်းလိုက်ရတာ၊ စစ်တပ်နဲ့ပေါင်းနေတဲ့ပျူစောထီးတွေအနေနဲ့ စစ်တပ် ဂိတ်တွေအနီးမှာ နေလို့ လုံခြုံတယ်ထင်ပြီး ပြည်သူကို ဒုက္ခမပေးပါနဲ့” လို့ ပြောချင်ပါတယ်” ဟု ယူနီ ကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းတို့ ပျူစောထီး ၃ ဦး ၎င်းတို့အိမ်ကို ခဲဖြင့်ထုသည်ဟုဆိုကာ စစ်ကိုင်းတပ်မ ၃၃ ကို ငွေပေးပြီး ရွာသူ ရွာသားများကို ဖမ်းခိုင်းခြင်း၊ CDM များ၊ ဆရာ၊ ဆရာမများ၊ PDF တပ်ဖွဲ့ဝင်လှုပ်ရှားမှုကို သတင်းပေး ခြင်း၊ အကြမ်းဖက်စစ်တပ်နှင့်ပေါင်းပြီး ပလုံကောက် ကလေးငယ်များကို မိုင်းရှာခိုင်းခြင်းစသည့် ပြစ်မှု များကျူးလွန်နေကြောင်းတိုင်ကြားချက်အရ အတည်ပြုစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးမှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် Phoenix SGG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သိမ်းဆည်းရရှိသော ဖုန်းအတွင်းမှ အမှတ် ၁၆ ရဲသင်တန်းကျောင်းနှင့် ဆက်သွယ်ထားသော ဖုန်း နံပါတ်၊ အကြမ်းဖက် စစ်တပ်ဂိတ်မှအထိုင်စခန်းမှ ဗိုလ်တစ်ဦးဖုန်းနံပါတ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article