34 C
Yangon

ကျောက္ကာရွာရှိ ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီး

Must read

ကျောက္ကာရွာရှိ ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျောက္ကာကျေးရွာအုပ်စူ အမှတ် ၂ ရပ်ကွက်၌ ကင်းလှည့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်အဖွဲ့က ၎င်းတို့ကင်းစောင့်နေသည့် တောင်ပေါ်ကို တက်ပြေးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားစဥ် အတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင် နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း PDF တပ်ဖွဲ့များက သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပြီး ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ် ခဲ့ရကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက္ကာရွာသား ၄၀ ခန့်ကို ဖမ်းဆီး ရိုက်နှက် စစ်ဆေးခဲ့ပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ကျောက္ကာရွာအတွင်း ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးထက်မနည်းရှိပြီး အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့စစ်အဖွဲ့ဝင်များသည် နေအိမ်၌ မအိပ်တော့ဘဲ ကင်းတဲများတွင် သွားရောက် အိပ်ကြကြောင်း သိရှိရသည်။

Photo – PDF တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ကျောက္ကာရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်သူ့စစ် ခေါင်းဆောင်နေအိမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article