27 C
Yangon

မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ဆန္ဒပြ တောင်းဆို၊ မြန်မာ့အရေး အတွက် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာ ပေးပို့

Must read

မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ဆန္ဒပြ တောင်းဆို၊ မြန်မာ့အရေး အတွက် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာ ပေးပို့

ရန်ကုန်၊ မေ ၂၂

မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ပြုလုပ်ခဲ့သော G7 အစည်းအဝေးတွင် နိုင်ငံ တကာ ခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးလစ်လျူရှုမထားရန်၊ စစ်ကောင်စီအတွက် လေယာဥ်ဆီပိတ်ဆို့အရေးယူပေးရန်၊ အာဏာသိမ်းစစ်အုပ်စုနှင့် သံတမန်ရေးလုပ်ဆောင်မှုများမပြုလုပ်ရန်၊ စစ်အုပ်စု၏ အယောင်ဆောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုရန် အီတလီရောက်မြန်မာများက ‘’ Giuseppe Malpeli” Italy – Burma Friendship Association တို့နှင့်အတူ ပူးပေါင်းတောင်းဆိုကြသည်။

ထို့ပြင် မြန်မာ့အရေးအတွက် အိတ်ဖွင့်ပေးစာတစ်စောင်ကို အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းများစွာနှင့်အတူ မေလ ၁၆ ရက်နေ့တွင် စာတိုက်မှ မှတ်ပုံတင်၍လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် လူကိုယ်တိုင်သွားရောက်ပေးအပ်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article