37 C
Yangon

မြင်းခြံတွင် စစ်တပ်နှင့်ပျူစောထီးပူးပေါင်း၍ မန်ကျည်းစုကျေးရွာကို မီးရှို့ဖျက်ဆီးမှု ပြည်သူ ၂ ဦး မီးလောင် သေဆုံး၊ အိမ်ခြေ ၁၀၀ နီးပါး ပြာကျ

Must read

မြင်းခြံတွင် စစ်တပ်နှင့်ပျူစောထီးပူးပေါင်း၍ မန်ကျည်းစုကျေးရွာကို မီးရှို့ဖျက်ဆီးမှု ပြည်သူ ၂ ဦး မီးလောင် သေဆုံး၊ အိမ်ခြေ ၁၀၀ နီးပါး ပြာကျ

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြီု့နယ်၊ စစ်တပ်နှင့်ပျူစောထီးပူးပေါင်း၍ မန်ကျည်းစုကျေးရွာကို ယနေ့ နံနက်အစောပိုင်း မီးရှို့ဖျက်ဆီးရာ ပြည်သူ ၂ ဦး မီးလောင် သေဆုံးသွားပြီး အိမ်ခြေ ၁၀၀ နီးပါး ပြာကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ကျောက်ကန်ကျေးရွာမှ ပျူစောထီးများနှင့် ကျောက်ကန်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်တပ်စစ်ကြောင်းတို့ ပူးပေါင်းကာ မန်ကျည်းစုကျေးရွာ အရှေ့ပိုင်းမှ နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးကြကြောင်း၊ မီးတင်ရှို့မှုကြောင့် စစ်တပ်၏ ရိုက်နှက်မှုကြောင့် မပြေးနိုင်တော့သည့် အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေးနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်အေးကြိုင်တို့ မီးထဲပါသွားပြီး သေဆုံးခဲ့ကြောင်း၊ အိမ်ခြေ ၂၅၀ ခန့်ရှိသော မန်ကျည်းစုကျေးရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ရိုက်နှက်လို့ မပြေးနိုင်တော့တဲ့ အောက်ပိုင်းမသွားနိုင်တဲ့ ကိုခင်မောင်ဌေး မီးထဲမှာသေဆုံးပါတယ်။ ဒေါ်အေးကြိုင်ဆိုတဲ့ အမျိုးသမီးလည်း မီးလောင်သေဆုံးပါတယ်။ စစ်ခွေးတွေက မီးတင်ရှို့တာတော့ ရွာအရှေ့ပိုင်းတင်မဟုတ်ဘဲ ရွာပတ် ပတ်လည်ကို ရှို့တာ။ ရွာသူရွာသားတွေကတော့ စစ်ဘေးရှောင် ပြေးနေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြင်းခြံမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းပြီး ကျေးရွာများကို မီးတင်ရှို့ခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်ဘက်က အရှိန်အဟုန်မြှင့် လုပ်ဆောင် လာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article