အင်းတော်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီးကျောင်း ပျက်စီး၊ စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် တိုက်ပွဲပြင်းထန်နေ
ရန်ကုန်၊ မေ ၂၅
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းတော်မြို့နယ်၊ ရွာသာယာရွာကို တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။
ယနေ့မေလ ၂၅ ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်မှ ကျွန်းတောရွာ၊ တုံစီရွာဘက်သို့ လက်နက် ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ပြီးအင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူများအားလုံး ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကသာခရိုင် တပ်ရင်း ၂ (အင်း တော် PDF) နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကြားဖြတ်တိုက်တာ၊ ပြောက်ကျားတိုက်တာတွေ ပြုလုပ်နိုင်ခဲ့တယ်၊ အထိနာတယ်လို့လဲ သိရပါတယ်၊ ဒီအတိုင်းဆိုရင် အထိနာတာ ၂ ရက်ရှိပြီ၊ ဒါကြောင့် ဗုံးကျဲနေတာ၊ တော်တော်များများကျဲနေတယ်၊ ဗန်းမောက်ဘက်မှာလဲ တိုက်ပွဲမှာလည်း အထိနာတော့ အဲဘက်မှာလဲ ကျဲချနေတယ်လို့ သိရတယ်၊ ရဲဘော်တွေ အား လုံး အန္တရာယ်ကင်းတယ်၊ ပျက်စီးဆုံးရှုံးမှုတွေ ၊ တခြားထိခိုက်မှုအနေအထားကတော့ လေလော ဆယ် စစ်တမ်းကောက်နေတုန်းအခြေအနေမှာပဲ ရှိပါသေးတယ်” ဟု ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။