32 C
Yangon

ရေစကြိုနှင့်မြိုင်တွင် စစ်ကားများ နှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

Must read

ရေစကြိုနှင့်မြိုင်တွင် စစ်ကားများ နှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၅

မကွေးတိုင်း၊ ရေစကြိုတွင် အကြမ်းဖက်စစ်ကားများကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ပျူစောထီး ၅ ဦး ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ရေစကြိုမြို့ ခလရ ၂၅၆ တပ်မှ ဇီးတောပျူရွာသို့ သွားရန် ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၆၀ ခန့်လိုက်ပါလာသော ဖောကား ၂ စီးကို အောင်မိုးလမ်းဆုံ အရောက် ပဒေသာမိုင်း ၈ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးနေရာမှာပင်ပွဲ ချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမိုင်းဆွဲတိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် ထွက်ခွာလာသော ဖောကားတစ်စီးကို ပဒေသာမိုင်း ၁၅ လုံးတွဲဖြင့် မြေဖြူကျေးရွာနှင့် ရွာငယ်ကျေးရွာ ကြား၌ ထပ်မံမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပထမ မိုင်းဆွဲတိုက်ခဲ့တဲ့အချိ်နမှာ နေရာမှာပဲ စစ်ခွေး ၃ ကောင်နေရာမှာပဲသေတယ်၊ စစ်ကူလာတဲ့ကား က မိုင်းကွင်းပေါ်ရောက်ပြီး ကားရပ်၊ ကားပေါ်က ဆင်းလာတဲ့အချိန် ၁၅ လုံးတွဲပဒေသာမိုင်းနဲ့ ထပ်ဆွဲ တာ၊ မိုင်းတွေက အကုန်မကွဲဘူး၊ ၇ လုံး ၈ လုံးလောက်တော့ ကွဲတယ်၊ အဲဒီနေရာမှာတော့ ၈ ကောင် ထက်မနည်းဒဏ်ရာရတယ်လို့သိရတယ်၊ တချို့ဆိုရင် ခြေတွေ၊ လက်တွေ ပြတ်တယ်လို့ သိရတယ်၊ အဲဒီအချိန်မှာ တပ်တစ်ခုခုထဲတော့ ဝင်သွားတယ်၊ ဘယ်တပ်ထဲလဲတော့မသိဘူး၊ ညနေ ၂ နာရီ ၄၅ လောက်ကျတော့ သေတဲ့ကောင်တွေရော ဒဏ်ရာရတဲ့ကောင်တွေရော သယ်လာတဲ့အချိန်မှာ ငါးမွေးမြူ ရေးခြံနားရောက်တဲ့အချိန်မှာ မိုင်းထပ်ဆွဲခဲ့တာ၊ အဲဒီမှာလဲ ထပ်ပြီးတော့ ဒဏ်ရာရတယ်၊” ဟု ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့မေလ ၂၄ ရက်ည ၁၀ နာရီခန့်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာမှ အကြမ်းဖက်စစ် သား၊ ပျူစောထီးများသည် ရပ်သာကျေးရွာဘက်သို့ ကင်းလှည့်ရန် ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး များသည် မကျည်းလေးပင်ကျေးရွာဘက်သို့ ထွက်ခွာလာစဉ် ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံး ခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၅ ရက် နံနက် ၈ နာရီခန့်က ကန်နီကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ မကျည်းလေးပင်ကျေးရွာဘက်သို ထွက်လာမည့်ဟု သတင်းအရ မြိုင်ပကဖ တပ်ရင်း ၁ နှင့် တပ်ခွဲ ၄ တပ်စိတ် ၄ တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပြီး ၁၃ မိနစ်ခန့်အကြာ အင်အား ၂၀ ခန့်ဖြင့် ဆက်လက်ရှေ့တက်လာသဖြင့် မကျည်းလေးပင်တောင်ဘက် အရောက် မိုင်းပွိုင့် သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဒဏ်ရာရသေဆုံး အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဖောကား အဖြူရောင်ဖြင့် သယ်ဆောင် သွားပြီး ဒဏ်ရာရသူများကို ဆေးရုံတင်ထားကြောင်း၊ ဆက်လက်တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင် PDF တပ် ရင်း ၆ နှင့် မြိုနယ်တွင်းရပ်ကျေးပကဖများမှ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၁ ရက် နံနက် ၅ နာရီခန့်က တောမရွာမှ လင်းကတောရဲစခန်းအတွင်းသို့ ဝင်ရောက် တပ်ဆွဲနေသော အကြမ်းဖက်စစ်သားများကို နံနက် ၉ နာရီအချိန်မှစပြီး မြိုနယ် ပကဖ တပ်ဖွဲများနှင့် ပူးပေါင်မဟာ မိတ်တပ်ဖွဲများမှ ဒရုန်းဖြင့် အီနာဂါ ဗုံးသီးများကျဲချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကျဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦး ထိခိုက်ဒဒဏ်ရာရရှိခဲ့ပြီး မြေပြင်မှ လည်း အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး လဲကျသွားသည်ကို မြင်ခဲ့ရသည်ဟု ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article