27 C
Yangon

ကလေးမြို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ကလေးမြို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ပေါက်ခုံကျေးရွာအနီးမှာ မေ ၂၇ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို နံနက် ၈ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနှင့် တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကလေးမြို့ပြစီမံချက် UG အဖွဲ့နှင့် မြို့နယ် ပ.က.ဖ ပူးပေါင်းအဖွဲ့က အသင့်ပြင်ဆင်ထားတဲ့မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မိုင်းကွင်းထဲမှာဆိုတော့တော်တော်မိသွားတာ။ မိုင်းကွဲပြီးတော့ ထွက်ပြေးကြတယ်။ အလောင်းတွေကိုလည်း ထမ်းသယ်သွားကြတယ်” လို့ တော်လှန်ရေးအင်အားစုဝင်တဦးကပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေက မိုင်းမိလို့သေဆုံးတဲ့ သူတို့အဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းကို သယ်ဆောင်သွားတဲ့ video ဖိုင်ကိုလည်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မူကြောင့်စစ်ကောင်စီအဖွဲ့ဝင် ၂၈ ယောက်သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီအဖွဲ့ဝင်တွေကျကျန်ခဲ့တဲ့ ကျဥ်ဘောက် ၃ ခု၊ ကျဥ်ဆံ ၆၀ကျော် ၊ ကျဥ်အိတ် နှင့် ဖုန်း ၃ လုံး အပါအဝင် အခြားပစ္စည်းတွေကို ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက် UG နှင့် ပကဖ အဖွဲ့ပူးပေါင်းအဖွဲ့က သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်နေတာကြောင့် ပြည်သူတဦးသေဆုံးပြီး ဆယ်ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မေ ၂၇ ရက်နေ့က ကလေးမြို့တောင်ဘက် သာယာဝတီကျေးရွာက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မေ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့် သာစည်ရွာက နေအိမ်တချို့ပျက်စီးခဲ့သလို မေ ၂၅ ရက်နေ့ကလည်း ထောက်ကြန့်ကျေးရွာက ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article