30 C
Yangon

ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာမှ မသန်စွမ်း တောင်သူ ဦးဌေးဝင်းကို စစ်တပ်က ဖမ်းဆီး၍ သတ်ဖြတ်

Must read

ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာမှ မသန်စွမ်း တောင်သူ ဦးဌေးဝင်းကို စစ်တပ်က ဖမ်းဆီး၍ သတ်ဖြတ်

ရန်ကုန်၊ မေ ၃၁

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းဒေသ၊ လှည်း လမ်းကူးကျေးရွာမှ ခြေတစ်ဖက်မရှိသူ မသန်စွမ်း အသက် ၅၀ နှစ်အရွယ်တောင်သူ ဦးဌေးဝင်းကို အကြမ်းဖက် စစ်‎ကောင်စီက စစ်ကြောင်းထိုးစဉ် ဖမ်းဆီး၍ သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မေလ ၂၆ ရက်နေ့ စစ်တပ်က မသန်စွမ်းဦးဌေးဝင်းနှင့်အတူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် ဦးဌေးဝင်းကို သတ်ဖြတ်လိုက်ကြောင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

” ဦးဌေးဝင်းနဲ့အတူ ကောင်လေးတယောက်ကိုပါ ဖမ်းသွားတာပါဗျ။ မျက်နှာတစ်ခုလုံးဖူးရောင်နေတာပဲ။ ကောင်လေးက ဖမ်းတဲ့နေ့ထဲက ပြန်လွတ်ပေးတာပါ။ ဦးဌေးဝင်းကတော့ ဖမ်းပြီး အဲဒီနေ့ပဲ သတ်တာ”ဟု တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်၏ မတရားသတ်ဖြတ်ခံရသူ ဦးဌေးဝင်းမှာ ၂၀၁၂ ခုနှစ်က တောထဲတွင် အိမ်သုံးထင်းခွေစဉ် စစ်တပ်ထောင် ထားသည်် မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ခဲ့ရကြောင်း၊ ဖမ်းဆီးခံရချိန်တွင် ခြေတုဖြင့် ရုန်းကန်နေရသော ကိုယ်လက်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်နေသော ဦးဌေးဝင်းကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော မသန်စွမ်း တောင်သူ ဦးဌေးဝင်း၏ အလောင်း ပြန်လည် တူးဖော်ရရှိစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article