30.5 C
Yangon

မြင်းခြံအကျဉ်းထောင်တွင် အပြင်ခေါ်ထုတ် ရိုက်နှက်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား စိုးရာဇာထွန်းလွင် ဒဏ်ရာ အကြီးအကျယ် ရရှိထားပြီး အသက် အန္တရာယ်စိုးရိမ်နေရ၊ နိုင်ငံရေးအကျဉ်းသားများ အလွန်ဆိုးဝါးစွာ ဖိနှိပ်ခံနေရ

Must read

မြင်းခြံအကျဉ်းထောင်တွင် အပြင်ခေါ်ထုတ် ရိုက်နှက်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား စိုးရာဇာထွန်းလွင် ဒဏ်ရာ အကြီးအကျယ် ရရှိထားပြီး အသက် အန္တရာယ်စိုးရိမ်နေရ၊ နိုင်ငံရေးအကျဉ်းသားများ အလွန်ဆိုးဝါးစွာ ဖိနှိပ်ခံနေရ

ရန်ကုန်၊ မေ ၃၁

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် ယခင်အပတ် နိုင်ငံရေးအကျဉ်းသား များ ကို အပြင်ခေါ်ထုတ် ရိုက်နှက်မှုများကို စစ်တပ်နှင့် အကျဉ်းဦးစီးဌာနက လု်ပဆောင်ခဲ့ပြီး ယင်းတို့ထဲမှ ရိုက်နှက်ခံထားရသော နိုင်ငံရေးအကျဉ်းသား စိုးရာဇာထွန်းလွင်မှာ ဆေးကုသခွင့် မရဘဲ အသက်အန္တရာယ်စိုးရိမ်နေရ ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။

မေလ ၂၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင် ၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦး၊ ကိုအော င်မျိုးသန့်၊ ကိုစိုးရာဇာထွန်းလွင်တို့ကို စစ်တပ်က ထောင်အတွင်းမှ ခေါ်ထုတ်ပြီး ရိုက်နှက်စစ်ဆေး ကြောင်း၊ ယင်းနောက် အကျဉ်းသားများကို ပြန်လည်ပို့ဆောင်ခဲ့သော်လည်း စစ်ဆေးခံရမှုကြောင့် အားလုံး လိုလို ဒဏ်ရာရရှိထားကြောင်း၊ ဒဏ်ရာရရှိထားသူများကို ဆေးကုသ ခွင့် မပေးကြောင်း သိရှိရသည်။

” စိုးရာဇာထွန်းလွင်၏ကျန်းမာရေးစိုးရိမ်ရ ခန္ဓာကိုယ်တခုလုံးနီးပါးဓါးနှင့် မွန်းခံ ထားရတယ်။ ဆေးကုသခွင့်မရဘူး။ အစားအသောက်ပို့ခွင့်မရတဲ့ နိုင်/ကျဉ်း ၆၀ ကျော်ရှိ တယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုသတင်းရင်းမြစ်က

ပြော သည်။

နိုင်ငံရေးအကျဉ်းသားများကို မြင်းခြံထောင်မှ အကျဥ်းထောင်ဦးစီးမှူး ဝင်းကြိုင် နှင့် ဒုထောင်ပိုင် မြတ်ကျော်သူတို့က အလွန်နှိပ်စက်ညှဉ်းပန်းနေကြောင်း သိရှိရသည်။

လက်ရှိတွင် မြင်းခြံထောင်ပတ်ဝန်းကျင်နှင့် မြို့တွင်း နေရာတော်တော်များ လုံခြုံရေးတင်းကျပ်ထားပြီး ထောင် ဖောက်ပြေးမှုများ မဖြစ်ပေါ်စေရန် စစ်ကောင်စီတပ်ဘက်က ကင်းပုန်းများစွာ ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထောင်တွင်း အကြမ်းဖက် ဖိနှိပ်မှုများ လုပ်ဆောင်ရန် လေ့ကျင့်နေမှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article