38 C
Yangon

မြောင်တွင် စစ်ကြောင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဝက်လက်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြောင်တွင် စစ်ကြောင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဝက်လက်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာပြီး ရွာစဥ် ပတ်မွှေကာ ရဲစခန်းကို ပြန်လာစဥ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် ဒဏ်ရာ ရရှိမှု များပြားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မူကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာ၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၀ ရက်နေ ၆ နာရီ မိနစ် ၂၀ ခန့်က ရွှေဘိုမြို့ခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲ ၁၃ မိုင် ကျေးရွာမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို ဝက်လက် မြို့နယ်၊ စခန်းသာကျေးရွာအရောက် ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှု အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်သော WHO AM I – ARMY တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article