28 C
Yangon

ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း နတ်တောင်နဂါး ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ် ထနောင်းကိုင်းကျေးရွာမှ တောင်ဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး အဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်သားများသည် စခန်းသာ ကျေးရွာဘက်သို့ ဆက်လက်ထိုးစစ်ဆင်ရာ စခန်းသာ ကျေးရွာ စာသင်ကျောင်း မြောက်ဘက်တွင် တိုက်မိုင်း ၂ ပွိုင့်မိကာ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများ၍ ညနေ ၅ နာရီအချိန်ခန့်မှသာ စခန်းသာကျေးရွာသို့ စစ်သားများ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီဝင်များသည် ရွှေဘို ကျောက်မြောင်း လမ်းအပိုင် ၁၃ မိုင်မှ ရွှေကျင်ကျေးရွာသို့ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်အချိန်တွင် ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင် ရွှေ၊ ငွေ၊ အင်ဗာတာ၊ ဘက်ထရီအိုးများကို ယူဆောင်သွားခဲ့ကာ နေ့လယ်ပိုင်းတွင် ဝက်လက်မြို့ အရှေ့ခြမ်း ထနောင်းကိုင်းကျေးရွာသို့ ဝင်ရောက်ခဲ့သူများ ဖြစ်ကြောင်း ၊ ထနောင်းကိုင်းမှ အထွက်တွင် တော်လှန်ရေးအဖွဲ့များက ကြိုတင်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးပြောက်ကျား တပ်ဖွဲ့ တပ်ခွဲ (၄) ၊ ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ (၂ ) ၊ လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၃) ၊ ရွှေဘို ခရိုင် တပ်ရင်း (၂၃) ၊ BLacK. WoLf. PDF အဖွဲ့ ၊ ရွှေဘိုကျားကြီး ၊ ရွှေဘို ဓူဝံ (LDF) ၊ Brave Brothers. ၊ နယ်မြေခံ ပကဖ များ နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များ တစ်စုံတစ်ရာထိခိုက်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article