30 C
Yangon

ဆားလင်းကြီးရှိ ဝမ်ပေါင် ကြေးနီစီမံကိန်း၏ ရဲကင်းဂိတ်နှင့် နားနေဆောင်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ဆားလင်းကြီးရှိ ဝမ်ပေါင် ကြေးနီစီမံကိန်း၏ ရဲကင်းဂိတ်နှင့် နားနေဆောင်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင် ကြေးနီစီမံကိန်း၏ ရဲကင်းဂိတ်နှင့် နားနေဆောင်ကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် D.M.S.A အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း၊ ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဆားလင်းကြီးမြို့နယ် အတွင်းရှိ တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်နှင့် နားနေဆောင်တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ဂိတ်စောင့် ရဲ ၂ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့ကြောင်း၊ ဂိတ်စောင့်ရဲများက G3 ၊ G4 ၊ ၆၀ မမများဖြင့် ပြန်လည် ပစ်ခတ်မှုများ ရှိသော်လည်း ပြည်သူ့ရဲဘော်များ ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်း တပ်မတော် D.M.S.A အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article