28 C
Yangon

ထားဝယ်၊ သင်္ကန်တုံးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ တနင်္သာရီတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ထားဝယ်၊ သင်္ကန်တုံးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ တနင်္သာရီတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၈ လုံး ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၃၁ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သင်္ကန်းတုန်းရွာထဲကို ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ကာ ဒေသပြည်သူများကို သေနတ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် သင်္ကန်းတုန်းရွာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အလောင်းကို ရွာထဲမှာ ပစ်ထားခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာသား အမျိုးသား ၁ ဦးလည်း ပျောက်ဆုံးနေကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရမ္မဇူရွာဘက်ကိုရောက်ရှိနေပြီး ရွာခံတချို့လည်း ဖမ်းဆီးခံထားရကြောင်းသိရသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခပ်ရွာထဲသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article