35 C
Yangon

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် မြန်မာ အလုပ်သမားများ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကာ ၄ ဦးသေဆုံး

Must read

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် မြန်မာ အလုပ်သမားများ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကာ ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲကာ ၄ ဦးသေဆုံးခဲ့​ကြောင်း ထိုင်းသတင်းဌာန ဖော်ပြချက်များအရ သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတစ်စီးသည် ဘန့်ပအင်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ရဲစစ်ဆေးရေးဂိတ်ကို တွေ့ရှိသောကြောင့် အရှိန်ဖြင့် မောင်းနှင် ထွက်ပြေးရာမှ ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲ​ခဲ့ကြောင်း သိရှိရသည်။

မီးလောင် ပေါက်ကွဲမှုကြောင့် ကားအတွင်း၌ လိုက်ပါလာသူ ၄ ဦးသေဆုံးပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကျန် ၁ ဦးမှာ ခွဲခြား၍ မရသေးကြောင်း၊ ထို့ပြင် ကားပေါ်၌ လိုက်ပါလာသည့် မြန်မာအလုပ်သမား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးမှာလည်း ဒဏ်ရာ ရရှိကာ ၃ ဦးကို ဝမ်းနွိုင်းဆေးရုံ၊ ကျန် ၃ ဦးကို ဘန့်ပအင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ကားသည် ဘန်ကောက်မြို့သို့ ဦးတည် သွားနေခြင်းဖြစ်ပြီး ကားပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၉ ဦး လိုက်ပါလာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများသည် မြန်မာ အလုပ်သမားများဖြစ်ပြီး ကားသမားသည် သေဆုံးသူများထဲတွင် ပါဝင်နိုင်ကြောင်း၊ သေဆုံးသူများသည် မည်သူမည်ဝါဖြစ်​သည်ကို ဆက်လက်စုံစမ်း လျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မည်သည့် နိုင်ငံသားဖြစ်သည်ကို အတည်ပြုရမည်ဟု ထိုင်းရ​ဲတပ်ဖွဲ့က ပြောဆိုထား​သည်ကို ထိုင်းသတင်းဌာနများက ဖော်ပြချက်ထားသည်။

မေလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၇၀ ခန့် ဖမ်းဆီးခံရပြီး ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article